Your Member Benefits Website features include:

  • Access to online articles with helpful information
  • Ability to submit an online form asking a counselor to contact you
  • Topics covering working life, wellness, parenting, management, etc.
  •  
  • On the next screen, you’ll be asked to enter your company code and company password.

Your Customer Hub features include:

  • Automated headcount updates in UCMS
  • Invoicing reflective of the active populations under your account
  • Access reporting with case trends, disruptive issues, utilisation

Local Service Partners

Local Service Partners are independent EAPs with which WPO has established strategic relationships for the delivery of global EAP services in alignment with the WPO models, processes and quality standards.

ကိုယ်ရေးအချက်အလက်ထိန်းသိမ်းခြင်းမူဝါဒ

Español Europeo | Français | Français Canadien | Nederlands | DeutschEnglish | Español Latinoamericano | Português | Português-Brasil | Swedish简体中文 | 繁體中文 | 日本語 | 한국어 | ភាសាខ្មែរ | Tiếng Việt | ไทย | Türkçe | Bahasa Indonesia | हिंदीo | اردو | မြန်မာ | Cebuano |

 

ဤကိုယ်ရေးအချက်အလက်ထိန်းသိမ်းခြင်းမူဝါဒ(“မူဝါဒ”) ဆိုသည်မှာ Workplace Options (“WPO”, “ကျွန်ုပ်တို့”, “ကျွန်ုပ်တို့၏” သို့ “ကျွန်ုပ်တို့ထံမှ”) မှ သင်၏ (“အသုံးပြုသူ”, “သင်” သို့ “သင့်အနေဖြင့်”) ၄င်း၏ ထုတ်ကုန် သို့ ဝန်ဆောင်မှုများ (collectively, “EAP Services” or “Services”). ကိုအသုံးပြုနေစဉ် ထောက်ပံ့ပေးထားသော တစ်ကိုယ်ရည်သုံးအချက်အလက်များ (“ကိုယ်ရေးကိုယ်တာ အချက်အလက်များ”) ကို အသုံးပြုခြင်း၊ ကောက်ယူခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးမည့် မူဝါဒဖြစ်သည်။ ၄င်းသည် သင့်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ အသုံးပြုခွင့်အပေါ် ရွေးချယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး သင့်အနေဖြင့် ထိုအချက်အလက်များကို အသုံးပြုနိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ဤမူဝါဒမှာ ကျွန်ုပ်တို့ ကိုယ်ပိုင်မဟုတ်သော သို့ ထိန်းချုပ်နိုင်ခြင်းမရှိသော သို့ ကျွန်ုပ်တို့ အလုပ်ခန့်အပ်ထားသော သို့ စီမံခန့်ခွဲမှုမရထားသော လူတစ်ဉီးချင်းစီအတွက် ကာကွယ်ထားခြင်းမရှိပါ။

 

အသုံးပြုခွင့်ရှိသော ဉပဒေ

WPO မှ အမေရိကန်နိုင်ငံ၏ ကျန်းမာရေး အာမခံ ထောက်ပံ့ရေးနှင့် အကျုံးဝင်မှု ဉပဒေ၊ ၂၀၁၈ အမေရိကန်နိုင်ငံတွင်း စီးပွားရေးနှင့် ကျန်းမာရေးအတွက် ကျန်းမာရေး အချက်အလက်နည်းပညာအောက်မှ အချက်အလက်ကာကွယ်ရေးဉပ‌ဒေများ အပါအဝင် အသုံးပြုခွင့်ရှိသော ဉပဒေ၊ စည်းကမ်းချက်များနှင့် စံပုံစံများအတိုင်း ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးထားပါသည်။ ဉရောပအဖွဲ့အစည်းအတွင်း ဝန်ဆောင်မှုများအသုံးပြုမှုအတွက်  WPO မှ ကိုယ်ရေးကိုယ်တာ အကာအကွယ် ဘောင်ဉပဒေ၊ အထွေထွေအချက်အလက်များအသုံးပြုခြင်း ကာကွယ်‌ရေး ဉပဒေ (ဉပဒေ (EU) 2016/679) ကို  မေလ 25, 2018 မှ စတင်အသုံးပြုသည့်အတိုင်း အခြား ဉပဒေများနှင့်လည်းအညီ သုံးစွဲသွားမည်ဖြစ်သည်။  WPO  မှ EU-US အချက်အလက်လွှဲပြောင်းမှု၏တရား ၀ င်အခြေခံသည် EU Model Clauses (Standard Contractual Clauses) နှင့် GDPR ၏ပုဒ်မ ၄၉ အရ derogations အပေါ်အခြေခံသည်။

ဤကိုယ်ရေးကိုယ်တာ ကာကွယ်ရေးမူဝါဒသည်

ကျွန်ုပ်တို့ ကိုယ်ရေးကိုယ်တာ ဉပဒေမှာ လူတစ်ဉီးချင်းစီ၏ ကိုယ်ရေးကိုယ်တာ ကို ကာကွယ္ရန်အတွက်ဖြစ်ပါသည်။ ဤတွင် ဆိုက်ကို လာရောက်သူများနှင့် ဝက်ဆိုက်ကို အသုံးပြုပြီး ကျွန်ုပ်တို့ ဝန်ဆောင်မှုကို သုံးနေသော အဖွဲ့ဝင်များ မှာ ကျွန်ုပ်တို့ကြား ဝန်ဆောင်မှု၊ မည်သည့်အချက်အလက်ကို အသုံးပြုမည်နှင့် လာရောက်သူများ သို့ အဖွဲ့ဝင်များမှ ထောက်ပံ့ပေးထားသော အချက်အလက်များကို အတည်ပြုခြင်းပေါ်တွင် မူတည်ပါသည်။   သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် ကျွန်ုပ်တို့မှ အချိန်နှင့် အမျှ ဤမူဝါဒကို ပြင်ဆင်သွားနိုင်မည်ဖြစ်သည်။ သင့်အနေဖြင့်လည်း သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပုံနှင့် ဝက်ဘ်ဆိုက်/မိုဘိုင်းအက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများနှင့် ပတ်သတ်ပြီး အချက်အလက်အပြောင်းအလဲများ တင်နေပုံကို အချိန်နှင့် တပြေးညီ လေ့လာရန်အတွက် အားပေးလိုပါသည်။ ပြောင်းလဲမှုတစ်စုံတစ်ရာပြုလုပ်ခြင်းနှင့် သင့်ပေးထားသော အချက်အလက်များကို ကျွန်ုပ်တို့ထံပေးပို့ခြင်းများအတွက် ကျွန်ုပ်တို့မှ သင့်ကို ရှင်းလင်းပြီး သိသာစေမည့် အကြောင်းကြားစာပေးပို့မည်ဖြစ်သည်။ ကျွန်ုပ်တို့ ဝန်ဆောင်မှုများ အသုံးမပြုခင်မှီ သင့်ကို ဤကိုယ်ရေးကိုယ်တာ ကာကွယ်ရေး မူဝါဒကို လက်ခံမှုအတွက် မေးမြန်းထားပါလိမ့်မည်။

WPO မှ လိုအပ်သော ထိန်းချုပ်မှုကို နည်းပညာနှင့် ပုံမှန်နည်းလမ်းများအသုံးပြုပြီး သင့်ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးရန်အတွက် ဉပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ WPO မှ စံပုံစံ အချက်အလက်ရယူသည့်စနစ်ကို ဝက်ဘ်ဆိုက်တွင် အသုံးပြုပါသည်။ သင့်ကိုယ်ရေးအချက်အလက်များ ကာကွယ်ရန်အတွက် WPO မှ ဝန်ဆောင်မှုအသုံးပြုထားသည့် ကွန်ပျူတာ၊ တက်ဘလတ်နှင့် အခြားမိုဘိုင်းစက်ပစ္စည်းများကို စစ်ဆေးထားမည်မဟုတ်ပါ။ WPO မှ သင့်ပိုင်ဆိုင်သော အီလစ်ထရောနစ်ပစ္စည်းများမှ တစ်ဆင့် လုံခြုံရေး နှင့် အချက်အလက်များမလုံခြုံမှုကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများအတွက် တာဝန်ခံမည်မဟုတ်ပါ။

ဘယ်လိုအချက်အလက်များကို သိမ်းဆည်းသနည်း။

WPO မှ ဝန်ဆောင်မှုများ ရရှိရန်အတွက် စာရင်းပေးသွင်းထားရမည်ဖြစ်သည်။ WPO မှ လုပ်ဆောင်ချက်များဖြစ်သည့် အွန်လိုင်းစစ်တမ်း၊ ဆက်သွယ်ရန်အချက်အလက်၊ စာရင်းပေးသွင်းရန်‌ဖောင်များ နှင့် အောက်တွင်ရှင်းပြထားသည့်အတိုင်း  ‘cookies’ များမှတစ်ဆင့်အချက်အလက် ရယူနိုင်ပါသည်။ The information WPO မှ အချက်အလက်များကို သင့်  browser ဆက်တင်ပေါ်မူတည်ပြီး ရယူပါသည်။ ဉပမာ သင့်အနေဖြင့် WPO မှ ထုတ်ကုန်များအကြောင်း ဝက်ဆိုက်ကို ဖတ်ရှုရန် သို့ အချက်အလက်များ ဒေါင်းလုဒ်လုပ်ရန်  ရှိပါက WPO မှ သင့်အချက်အလက်များကို သင့်ကွန်ပျူတာဆီမှ ရယူလိမ့်မည်ဖြစ်သည်။ ၄င်းတွင် သင့်အသုံးပြုနေသော browser ၊ ဝက်ဆိုက်ဒ်ဝင်ကြည့်ထားသည်များနှင့် သင့်ဤဝက်ဆိုက်ဒ်ပေါ်တွင် လေ့လာထားသော အချက်အလက်များနှင့် အခြားဆက်သွယ်မှု အချက်များ ပါဝင်ပါသည်။

သင့်ရွေးချယ်မှုအပေါ်မူတည်ပြီး ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ( သင့် လုပ်ဆောင်ချက်နှင့် ကျန်းမာရေးဝန်ဆောင်မှုများ) ကို WPO  မှ သင့်ပေးသော အချက်အလက်များကို ကောက်ယူထားနိုင်ပါသည်။ ၄င်းတို့တွင်

  • အမည်
  • မွေးနေ့နှင့် အခြားမှတ်တမ်းများ
  • အီးမေးလ်လိပ်စာ
  • အိမ်/စာပို့လိပ်စာ
  • ဖုန်းနံပါတ်
  • လူမျိုး သို့ တိုင်းရင်းသား
  • လိင် သို့ ကိုးကွယ်မှု
  • မှတ်ပုံတင်နံပါတ်/အိမ်နံပါတ်
  • ကိုယ်ရေး ကျန်းမာရေးအချက်အလက်များ
  • မိသားစုကျန်းမာရေး အချက်အလက်များ ပါဝင်သည်။

အသုံးပြုသူများအနေဖြင့် မည်သည်အချက်အလက်များဖြစ်ကြောင်းသေချာစွာသိလိုပါက ကျွန်ုပ်တို့ဖြင့် ဆက်သွယ်နိုင်ပါသည်။

 

မည်သည်အချက်အလက်များကို သိမ်းဆည်းသနည်း (မိုဘိုင်းဖုန်းအက်ပလီကေးရှင်း)?

မိုဘိုင်းအက်ပလီကေးရှင်းများအသုံးပြုသည်အခါ ကျွန်ုပ်တို့ ဆာဗာမှ သင့်ဖုန်းမှ ပို့သည့် အချက်အလက်များကို အလိုအလျောက်သိမ်းဆည်းထားမည်ဖြစ်သည်။ ထိုအချက်အလက်များတွင် သင့်ဖုန်း အိုင်ပီလိပ်စာနှင့် တည်နေရာ၊ ဖုန်းအမျိုးအစားနှင့်ဗားရှင်း၊ အသုံးပြုထားသည့် operating system နှင့် ဗားရှင်း၊ ဘာသာစကား အသုံးပြုမှု၊ သင့်မိုဘိုင်းအက်ပလီကေးရှင်းထဲမှ ရှာသောအချက်အလက်များ၊ အသုံးပြုသောအချိန်နှင့် နေ့ရက်များ၊နှင့် အခြားအချက်အလက်များပါဝင်ပါသည်။ သင့်အနေဖြင့် သင့်ဖုန်းပေါ်တွင် တည်နေရာနှင့် အခြား အချက်အလက်များကို ထိန်းချုပ်နိုင်ပါသည်( တည်နေရာနှင့် အကြောင်းကြားစာများပါဝင်သည်) သင့်အနေဖြင့် ၄င်းကို အသုံးပြုရန်အတွက် ခွင့်မပြုပါက ကျွန်ုပ်တို့ဝန်ဆောင်မှုများကို သုံးရန်အတွက် အဆင်ပြေမည်မဟုတ်ပါ။

သင့်အနေဖြင့် မိုဘိုင်းဖုန်းမှ လုပ်ဆောင်ချက်များအတိုင်း အသုံးပြုလိုပါက သင့်ကိုယ်ရေးအချက်အလက်များ အသုံးပြုရမည်ဖြစ်သည်( သင့်အမည်နှင့် အီးမေးလ်လိပ်စာ) သင့်အနေဖြင့် အကောင့်ဖွင့်သည့်အခါ သို့ အွန်လိုင်းစစ်တမ်းများဖြည့်သည့်အခါမှ ရရှိသော အချက်အလက်များကိုလည်း သိမ်းဆည်းထားမည်ဖြစ်သည်။  အကောင့်ဖွင့် စာရင်းပေးသွင်းရန်အတွက် သင့်အီးမေးလ်လိပ်စာ၊ အမည်၊ ဖုန်းနံပါတ် သို့ အခြားကိုယ်ရေးအချက်အလက်များ လိုအပ်ပါသည်။ သင့်အနေဖြင့် သင့်ကိုယ်ရေးအချက်အလက်များကို အသုံးပြုရန်အတွက် ခွင့်ပြုခြင်းမရှိပါက သင့်မိုဘိုင်းဖုန်းအက်ပလီကေးရှင်းမှ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။အသုံးပြုသူများအနေဖြင့် မည်သည်အချက်အလက်များဖြစ်ကြောင်း သေချာစွာသိလိုပါက ကျွန်ုပ်တို့ဖြင့် ဆက်သွယ်နိုင်ပါသည်။

မည်သည်အချက်အလက်များကို သိမ်းဆည်းသနည်း (ငွေ‌ပေးချေမှုစနစ်)

ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်တွင် အခြားအဖွဲ့အစည်းကြားခံ ငွေပေးချေမှုစနစ်ကို အသုံးပြုထားပါသည်။ ထိုသို့ ငွေပေးချေမှုစနစ်များတွင် ကျွန်ုပ်တို့ဖက်မှ သင့်ကိုယ်ရေးအချက်အလက်များနှင့် ခရက်ဒစ်ကဒ်နံပါတ်ကဲ့သို့သော ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များကို အသုံးပြုမည်မဟုတ်ပါ။ ထိုအချက်အလက်များကို ကျွန်ုပ်တို့ ကြားခံအဖွဲ့အစည်း Stripe ကိုထောက်ပံ့ပေးမည်ဖြစ်ပြီး ၄င်း၏ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းရေး မူဝါဒကို ဒီမှာလေ့လာနိုင်ပါသည်။  https://stripe.com/us/privacy.

အချက်အလက်များကို မည်သို့ကောက်ခံမည်နည်း(ကောက်ယူမည့်နည်း)?

SurveyMonkey ကိုအသုံးပြုပြီး စစ်တမ်းကောက်ယူမှုများပြုလုပ်သွားမည်ဖြစ်ကာ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းကောက်ယူမည်မဟုတ်ပါ။  cookies များကို အသုံးပြုပြီး စစ်တမ်းကို အဆင်ပြေချော့မွေ့အောင်လုပ်ဆောင်ပေးမည်ဖြစ်သည်။ ပိုမိုသိရှိလိုပါက ဒီမှာ .  လေ့လာပါ။

Cookies

ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ကျွန်ုပ်တို့မှ cookies ဆိုသည်နည်းပညာကို အသုံးပြုနိုင်ပါသည်။ cookie ဆိုသည်မှာ ကွန်ပျူတာမှ သင့်အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ  browser သို့ပေးသောအချက်အလက်ဖြစ်ပြီး ၄င်းတို့မှာ ဝန်ဆောင်မှုအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့်  ဝန်ဆောင်မှုများကို အသုံးပြုရန် စစ်ဆေးမှုများအတွက် တိကျစွာ ကူညီပေးနိုင်ပါသည်။ ဉပမာအနေဖြင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုများမှ cookie ကို သင့် browser တွင်ထားထားပါက သင့်အနေဖြင့် ဝန်‌ဆောင်မှုများအတိုင်း ပြန်လည် ဝင်ရောက်သည့်အခါ လျို့ဝှက်နံပါတ်ကို နောက်တကြိမ် ပြန်လည် ဝင်ရောက်ရန်မလိုတော့သည့်အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ထိုအခါမျိုးများသည်  cookies ကိုအသုံးပြုမည်ဖြစ်သည်။ သို့သော် သင့်ခွင့်ပြုချက်မရှိဘဲ သင့်ကိုယ်ရေးအချက်အလက်များကို အသုံးပြုမည်မဟုတ်ပါ။ ဝက်ဘ် browser အများစုတွင်လည်း အကူအညီရယူရန်နေရာ ပါဝင်မည်ဖြစ်သည်။ ၄င်းမှ တစ်ဆင့် သင့်အနေဖြင့်  cookie  အသစ်လက်ခံရရှိသည့်အခါ မည်သို့ အကြောင်းကြားစာရရှိမည်နှင့် cookie  များကို မည်သို့ ပိတ်ထားနိုင်မည်ကို လေ့လာနိုင်ပါသည်။ ဝန်ဆောင်မှု လုပ်ဆောင်ချက်များအရ သင့်ကို ပိုမိုအဆင်ပြေစေရန် ရည်ရွယ်သောကြောင့် cookie  များကို ပိတ်ထားခြင်းမပြုရန် အကြံပြုလိုပါသည်။

ကိုယ်ရေးအချက်အလက်များကို စီမံခန့်ခွဲခြင်း

သင့်အနေဖြင့် သင့်နှင့်ဆိုင်သော အချက်အလက်များကို ပြင်ဆင်ခြင်းနှင့် ဖျက်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုများအပေါ်မူတည်ပြီး သင့်ကြည့်နိုင်သော၊ ပြင်ဆင်နိုင်သော၊ ဖျက်နိုင်သော အချက်အလက်များမှာ ပြောင်းလဲမှုရှိနိုင်ပါသည်။ အချက်အလက်ကို ပြင်ဆင်သည့်အခါတွင်မူ ယခင်သင်ပေးထားသေ အချက်အလက်များမှ ကျွန်ုပ်တို့၏ မှတ်တမ်းထဲတွင် ကျန်နေမည်ဖြစ်သည်။ သင့်အချက်အလက်များကို လိုအပ်သည့်အချိန်တွင် ဉပဒေမှ ခွင့်ပြုချက် သို့ တောင်းဆိုချက်များအတိုင်း ပြဿနာများကို ဖြေရှင်းခြင်း၊ သဘောတူညီချက်များရယူခြင်းတို့အတွက် အသုံးပြုမည်ဖြစ်သည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင့်အနေဖြင့် ပြင်ဆင်ပြီး ဖျက်ပြီးသော်လည်း သင့်ကို တိုက်ရိုက်သိနိုင်သော အချက်အလက်မဟုတ်သည့်အရာများကို အသုံးပြုမည်ဖြစ်သည်။ စစ်တမ်းကောက်ယူမှုအတွက်သာဖြစ်ပြီး အမည်မသိပုံစံဖြင့် ကောက်ယူမည်ဖြစ်သည်။ ထိုအချိန်ကာလကုန်ဆုံးသွားပါက သင့်ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ခြင်း သို့ ဖျက်ခြင်းတို့ကို ပြုလုပ်ပေးမည်ဖြစ်သည်။ ထိုကြောင့် ထိုကဲ့သို့ အချိန်ကုန်ဆုံးသွားမှသာ သင့်ကို အချက်အလက်များ ပုံမှန် အသုံးပြုခွင့်၊ ပြင်ဆင်ခြင်းနှင့် အတည်ပြုခွင့်တို့ကို ပြန်လည်ရရှိမည်ဖြစ်သည်။

သင့်ကိုယ်ရေးအချက်အလက်များကို မည်သို့ အသုံးပြုမည်နည်း

သင်ထံမှ ဝန်ဆောင်မှုကြောင့် ပေးထားသည့် မည်သည့်အချက်အလက်မဆို၊ ဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး ဆက်သွယ်ရမည့်အချက်အလက်၊ သင့်ကို ကျွန်ုပ်တို့ထံမှ အကြောင်းကြားချက်များ ပို့သည့်အခါ၊ သင့်သုံးစွဲသည့်အတွေ့အကြုံကို ပြင်ဆင်လိုသည့်အခါ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို အဆင်မြှင့်လိုသည့်အခါ ၊ သုံးစွဲသူများထံမှ မေးခွန်းများကို ဖြေပေးသည့်အခါ၊ လျို့ဝှက်နံပါတ်ကို ပြင်ဆင်သည့်အခါ အကြောင်းကြားစာပို့သည့်အခါ နှင့် ဝန်ဆောင်မှုနှင့် ပလက်ဆောင်တွင် အသုံးပြုချိန်တွင်ဖြစ်သည်။ ကောက်ယူထားသော အချက်အလက်များသည် ဝက်ဘ်ဆိုက်/မိုဘိုင်းအက်ပလီကေးရှင်းများ ဝင်ရောက်အသုံးပြုနှုန်းအပေါ် စစ်တမ်းကောက်ယူသည့်ပုံစံဖြစ်သည်။ ထိုကဲ့သို့ စာရင်းမှတ်တမ်းများမှ မည်သည့် စနစ်ကို အသုံးပြုနေစဉ် သင့်ကို တိုက်ရိုက် သိရှိနေမည်မဟုတ်ပါ။

သင့်အလုပ်ရှင်သည် WPO စနစ်များပေါ်တွင် သိမ်းဆည်းထားသော သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြည့်ရှုအသုံးပြုခွင့် ရှိမည်မဟုတ်ပါ။ သို့သော်ငြားလည်း သင့်အလုပ်ရှင်သည် သင်၏ စာရင်းပေးသွင်းသည့် ပေ့ခ်ျပေါ်ရှိ အကွက်အတွင်း အမှန်ခြစ်ဖော်ပြပြီး သဘောတူကြောင်း အတိအလင်း ဖော်ပြချက်နှင့်အတူ WPO ၏ အွန်လိုင်းအစီအစဉ်များ ပြီးမြောက်ခြင်းအတွက် ဆုများပေးမည့် မက်လုံးပေး အစီအစဉ်တစ်ခုကို ကမ်းလှမ်းခဲ့ပါက WPO အနဖြင့် သင့်အမည်၊ ဝန်ထမ်းသက်သေခံအမှတ်အသားနှင့် သင်ပြီးမြောက်ခဲ့သည့် အွန်လိုင်းအစီအစဉ်များနှင့် အကဲဖြတ်စစ်ဆေးမှုများ၏ နေ့စွဲအပါအဝင် အသေးစိတ်အချက်အလက်များကို သင့်အလုပ်ရှင်အား မျှဝေပေးကောင်း ပေးနိုင်ပါသည်။ သင်၏ အွန်လိုင်းအစီအစဉ်များမှ ရရှိသော ရမှတ်များ သို့မဟုတ် တုံ့ပြန်ချက်များကို မက်လုံးပေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင့်အလုပ်ရှင်အား ဖွင့်ဟထုတ်ဖော်သွားမည် မဟုတ်ပါ။

သင့်အလုပ်ရှင်သည် WPO နည်းပြတစ်ဦးထံမှ ကမ်းလင့်ထောက်ကူ ဖုန်းခေါ်ဆိုမှုတစ်ခု ပါဝင်သည့် နည်းပြအစီအစဉ်တစ်ခုကို သင်၏ စာရင်းပေးသွင်းသည့် ပေ့ခ်ျပေါ်ရှိ အကွက်အတွင်း အမှန်ခြစ်ဖော်ပြပြီး သဘောတူကြောင်း အတိအလင်း ဖော်ပြချက်နှင့်အတူ ပံ့ပိုးပေးမည်ဆိုပါက နည်းပြတစ်ဦးသည် သင်ဖော်ပြထားသည့် ဆက်သွယ်ရန် အချက်အလက်များနှင့် ဦးစားပေးဖော်ပြချက်များကို အသုံးပြု၍ သင့်အား ဆက်သွယ်သွားမည်ဖြစ်သည်။ နည်းပြဖြစ်သူနှင့်အတူ သင် ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သင့်အလုပ်ရှင်အား ပေးသွားမည်မဟုတ်ပါ၊ သို့သော်လည်း WPO အနေဖြင့် သင့်အလုပ်ရှင်အား သင့်အမည်၊ ဝန်ထမ်းသက်သေခံအမှတ်အသားနှင့် နေ့စွဲပါဝင်သည့် သင်ပြီးမြောက်ထားသည့် နည်းပြအချိန်များ၏ နံပါတ်များအပါအဝင် သင်၏ ကိုယ်ရေးအချက်အလက်များကို မျှဝေပေးနိုင်ပါသည်။

WPO ဝန်ဆောင်မှုအသုံးပြုလျက်ရှိသော အဖွဲ့ဝင်များထံမှ ကိုယ်ရေးအချက်အလက်များကို တိုက်ရိုက် ကောက်ယူထားပါသည်။ အောက်ပါအကြောင်းအရာတို့မှ  တစ်ခုခုဖြင့် ဆက်စပ်သည့်အခါ သင့်ကိုယ်ရေးအချက်အလက်များကို အသုံးပြုပါမည်။ (i)တစ်ခု သို့ တစ်ခုထက်ပိုသော လုပ်ဆောင်ရန်အတွက် သတင်းပို့ထားသည့်အခါ. သင်သိထားရမည်မှာ အချို့သော ကိစ္စရပ်များတွင် တရားဉပဒေအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး သင့်ထံမှ အသုံးပြုရန်အတွက် ခွင့်ပြုခြင်းမရလျှင့်ကစား ဉပဒေများအတိုင်း အသုံးပြုသွားမည်ဖြစ်သည်။  သို့သော် ကိုယ်ရေးအချက်အလက်များကို အသုံးပြုမှုသည် ဉရောပ အချက်အလက်ကာကွယ်ရေး ဉပဒေနှင့် လုပ်ဆောင်ရသည့်အခါတွင် (ii) သင့်နှင့် ကြိုတင်ဆောင်ရွက်ထားခြင်းမရှိသော သို့ ကြိုတင် သဘောတူညီထားမှုမရှိသော အရာများအတွက်လည်း အချက်အလက်မှာ အရေးပါပါသည်။ (iii) သင့်ကို ဉီးတည်ရာအဖြစ် တရားဉပဒေအရ စစ်ဆေးသည့်အခါမျိုးတွင်လည်း အသုံးပြုပါမည်။ (iv)လူထု စိတ်ဝင်စားသော သို့ တာဝန်ရှိသူများထံမှ တာဝန်ပေးမှုများရှိသည့်အခါမျိုးတွင်လည်းအသုံးပြုနိုင်ပါသည်။ (v) အသုံးပြုခြင်းမှာ တရားဉပဒေအရ ကျွန်ုပ်တို့ သို့ အခြားအသုံးပြုသော အဖွဲ့အစည်းမှ လိုအပ်သည့်အခါမျိုးလည်း ရှိနိုင်ပါသည်။ ထိုအခါမျိုးတွင် ကျွန်ုပ်တို့ဖက်မှ တရားဉပဒေအရ လိုအပ်သည့်အတိုင်း ကိုယ်ရေးအချက်အလက်များကို လိုအပ်ချက်အနေအဖြစ် နှစ်ဉီးနှစ်ဖက် သဘောတူညီချက်အနေဖြင့် စာချုပ်ထဲသို့ ထည့်သွင်းသလို အသုံးပြုမည်ဖြစ်သည်။

 အချက်အလက်များလွဲပြောင်းခြင်းနှင့် သိမ်းဆည်းခြင်း

WPO သည်သင်နှင့်ပတ်သက်သောစုဆောင်းထားသောကိုယ်ရေးကိုယ်တာအချက်အလက်များကိုမူလကောက်ယူခဲ့သောနိုင်ငံမဟုတ်သည့်အခြားနိုင်ငံများသို့လွှဲပြောင်းနိုင်သည်။ ဤလွှဲပြောင်းမှုများသည်သင်တောင်းခံထားသောဝန်ဆောင်မှုကိုပေးရန် WPO မှဝန်ဆောင်မှုပေးသောစင်တာသို့သို့မဟုတ် WPO ၏ပံ့ပိုးသူကွန်ယက်တစ်ခုသို့ဖြစ်လိမ့်မည်။ WPO သည်သင်၏စီးပွားရေးအချက်အလက်များကိုဥရောပစီးပွားရေးoutsideရိယာပြင်ပရှိအပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအတွက်လိုအပ်သောလုံလောက်သောအကာအကွယ်များကိုလိုက်နာသည်။ အကယ်၍ သင်သည်ဥရောပသမဂ္ဂသို့မဟုတ်ဆွစ်ဇာလန်တွင်တည်ရှိပါက WPO သည်ဥရောပသမဂ္ဂ၏ပြင်ပဒေတာများကို GDPR ပုဒ်မ ၄၉ နှင့်အီးယူစံပြပုဒ်မများအရဥရောပသမဂ္ဂဥပဒေတွင်ပြဌာန်းထားသောစံနှုန်းများနှင့်အညီဒေတာများကိုလွှဲပြောင်းနိုင်သည်။ မည်သို့ပင်ဆိုစေကာ, သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကိုရယူသုံးစွဲခြင်းကို WPO သည်သင်၏တောင်းဆိုမှုအပေါ် မူတည်၍ ၀ န်ဆောင်မှုများကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်“ လိုအပ်သောသိကျွမ်းမှုအခြေခံ” ဖြင့်သာထောက်ပံ့နိုင်သည်။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုသင်၏ခွင့်ပြုချက်မရှိပဲစုစုပေါင်းအစီရင်ခံစာများသို့မဟုတ်ဖယ်ထုတ်ထားသည့်ပုံစံများ မှလွဲ၍ အခြားမည်သည့်ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းကိုမှထုတ်ဖော်လိမ့်မည်မဟုတ်ပါ။ EEA ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုဥရောပသမဂ္ဂကိုယ်တိုင်သိမ်းဆည်းထားသည်။

သင့်အချက်အလက်များကို မည်သည်တို့ကို ဝေမျှနိုင်သနည်း။

သင့်အီးမေးလ်လိပ်စာ သို့ အခြားသင့်ကို သိစေမည့်အချက်အလက်များကို အခြားအဖွဲ့အစည်းများ ရောင်းချမှုပြုလုပ်မည်မဟုတ်ပါ။ သို့သော် သင့်အချက်အလက်များကို WPO ၏ အစိတ်အပိုင်းဖြစ်သော နိုင်ငံတကာပို့ဆောင်ရေးစင်တာ သို့ ဤမူဝါဒ အတိုင်း လုပ်ဆောင်ပေးမည့် အဖွဲ့အစည်းများသို့ သင့်ဆက်သွယ်မှု အချက်အလက်များ သို့ ဆိုက်ပေါ်ရှိအချက်အလက်များ(သင်ကိုပို့ထားသော ကြော်ငြာများနှင့် သင့်စိတ်ဝင်စားမည့်အချက်အလက်များကို ) ဝေမျှသွားမည်ဖြစ်သည်။

ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ရန်အတွက်လည်းကောင်း၊ WPO သို့မဟုတ် အခြားသူများ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှုနှင့် လုံခြုံမှုအား ကာကွယ်ရန်အတွက်လည်းကောင်း ဥပဒေအရ သို့မဟုတ် ဥပဒေရေးရာ လုပ်ငန်းစဉ်များအရ လိုအပ်သည်ဟု သဘောရိုးဖြင့် ယုံကြည်သည့်အခါတွင် သင်နှင့်ပတ်သက်သည့် အချက်အလက်များကို အခြားသူများအား ဖွင့်ဟထုတ်ဖော်သွားမည်ဖြစ်သည်။

 

မည်သို့သော အချက်အလက်များကို ဖွင့်ဟထုတ်ဖော်ရန် လိုအပ်မည်နည်း။

အချို့သော အခြေအနေများတွင် WPO အနေဖြင့် ကိုယ်ရေးကိုယ်တာ ဒေတာများကို ဖွင့်ဟထုတ်ဖော်ရတတ်ပါသည်။ ဤအခြေအနေမျိုးများတွင် အနည်းဆုံး အောက်ပါအခြေအနေများမှ တစ်ခုနှင့် သက်ဆိုင်မှသာလျှင်လည်းကောင်း၊ ယင်းအတိုင်းအတာထိဖြစ်မှသာလျှင်လည်းကောင်း လုပ်ငန်းစဉ်သည် ဥပဒေနှင့်ညီညွတ်သည်ဟု ဖော်ပြထားသည့် GDPR အပိုဒ် . တွင် ဖော်ပြထားသည့် အခြေအနေမျိုးများ ပါဝင်ပါသည်

  • အချက်အလက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော သီးခြား အကြောင်းပြချက်များအတွက် သူ သို့မဟုတ် သူမ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီစဉ်အသုံးပြုရန် သဘောတူညီသည့်အခါ၊
  • အချက်အလက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ် ပါဝင်မည့် သို့မဟုတ် စာချုပ်တစ်ခု မချုပ်ဆိုမီ အချက်အလက်နှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်၏ တောင်းဆိုမှုဖြင့် အဆင့်ဆင့်ရှေ့ဆက်ပြုလုပ်မည့် စာချုပ်တစ်ခု၏ ဆောင်ရွက်ချက်အတွက် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊
  • ထိန်းချုပ်သူသည် အချက်အလက်နှင့် သက်ဆိုင်သူအပေါ် ဥပဒေရေးရာအရ တာဝန်တစ်ခုနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊
  • အချက်အလက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ် သို့မဟုတ် အခြား သွေးသားတော်စပ်သည့် ပုဂ္ဂိုလ်၏ အလွန်အရေးကြီးသော အကျိုးစီးပွားအား ကာကွယ်ရန်အတွက် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊
  • အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရမည့် သို့မဟုတ် ထိန်းချုပ်သူအား တရားဝင်အာဏာ အပ်နှင်းမည့် လုပ်ငန်းတစ်ခု၏ စွမ်းဆောင်ရည်အတွက် လိုအပ်သည့် လုပ်ငန်းစဉ် ဖြစ်သည့်အခါ၊
  • အကျိုးစီးပွားသည် အထူးသဖြင့် အချက်အလက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်သည် ကလေးငယ်တစ်ဦးဖြစ်ပြီး ကိုယ်ရေးအချက်အလက်များ ကာကွယ်ရန်လိုအပ်သည့် အချက်အလက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်၏ အကျိုးစီးပွား သို့မဟုတ် အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား ပယ်ဖျက်မိသည့် အခြေအနေမျိုးမှလွဲ၍ ထိန်းချုပ်သူ သို့မဟုတ် ကြားခံ အဖွဲ့အစည်းတစ်ခုခု၏ တရားဝင် အကျိုးစီးပွား ရည်ရွယ်ချက်များအတွက် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊

 

သင်၏ ရပိုင်ခွင့်များမှာ အဘယ်နည်း။

သင့်တွင် သင်နှင့်ပတ်သက်၍ WPO မှ ကောက်ယူပြီး ထိန်းသိမ်းထားသည့် ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်၍ အချို့ရပိုင်ခွင့်များ ရှိပါသည်။ WPO သည် သင့်ထံမှ မည်သည့်ကိုယ်ရေး အချက်အလက်များ ကောက်ယူမည်၊ ထိုအချက်အလက်များကို မည်သို့အသုံးချမည်နှင့် WPO မှ သင့်အား မည်သို့ ဆက်သွယ်မည်တို့နှင့်ပတ်သက်သည့် ရွေးချယ်မှုများကို သင့်အား ပေးထားပါသည်။

  • သင့်အနေဖြင့် WPO သည် သင်၏ ကိုယ်ရေးအချက်အလက်များကို တရားမျှတစွာဖြင့် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ကောက်ယူ အသုံးပြုသွားရန် မျှော်လင့်နိုင်ပါသည်။
  • သင့်အနေဖြင့် အီလက်ထရွန်းနစ် လုပ်ဆောင်ချက်များ ပြုလုပ်ခြင်းကို ကန့်သတ်ခြင်းဖြင့် WPO ထံ ကိုယ်ရေးအချက်အလက်များ ပေးခြင်းမပြုရန် ရွေးချယ်နိုင်ပါသည်။
  • သင့်အနေဖြင့် သင့် ကွန်ပျူတာအတွက် သတ်မှတ်ထားပေးထားသော ကွတ်ကီးခွဲခြားသိရှိနိုင်မည့် တစ်ခုတည်းသော နံပါတ်တစ်ခု မထားရှိရန် ရွေးချယ်နိုင်ပါသည်။
  • သင့်ကိုယ်ရေးအချက်အလက်များကို တစ်နည်းနည်းဖြင့် သင်ဟု ခွဲခြားသိရှိနိုင်မည် မဟုတ်သော ပုံစံဖြင့် စာရင်းဇယားဆိုင်ရာ စိတ်ဖြာလေ့လာချက်နှင့် အစီရင်ခံခြင်း ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။
  • သင့်အနေဖြင့် WPO အား သဘောတူညီချက်ပေးခြင်းဖြင့် သင်၏ ကိုယ်ရေးအချက်အလက်တစ်စုံတစ်ရာ သို့မဟုတ် အားလုံးအား တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ ထုတ်ပေးရန် သဘောတူညီနိုင်ပါသည်၊ သို့မဟုတ်ပါက WPO အနေဖြင့် ထိုသို့ဆောင်ရွက်ရန် ဥပဒေရေးရာအရ ဝတ္တရားတစ်ခုမရှိပါက သင့် ကိုယ်ရေးအချက်အလက်များကို ပုံမှန်လုပ်ရိုးလုပ်စဉ်ကဲ့သို့ ထုတ်ပေးသွားမည် မဟုတ်ပါ။
  • သင့်အနေဖြင့် WPO ထံ ယခင်ပေးထားသော မည်သည့် သဘောတူညီမှုကိုမဆို ရုတ်သိမ်းနိုင်သည် သို့မဟုတ် ဥပဒေနှင့်ညီသော အခြေခံအကြောင်းရင်းများကြောင့် မည်သည့်အချိန်တွင်မဆို သင်၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် ထိခိုက်လွယ်သည်ဟု သင်ထင်မြင်သော သက်ဆိုင်ရာ ဒေတာအမျိုးအစားများအား စီစဉ်အသုံးပြုခြင်းကို ကန့်ကွက်နိုင်ပါသည်။
  • သင်သည် သင့်ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးအချက်အလက်များကို ထုတ်ယူရန်နှင့် ပြန်လည်အသုံးပြုနိုင်စေရန်အတွက် ဒေတာလွှဲပြောင်းနိုင်ခွင့်ရှိသည်။
  • သင်သည် WPO မှ ကောက်ယူအသုံးပြုမည့် သင့်ကိုယ်ရေး အချက်အလက်များရှိ မည်သည့် အမှား(များ)ကိုမဆို အချိန်မရွေး အမှန်ပြုပြင်ရန် တောင်းဆိုပိုင်ခွင့်ရှိပါသည်။
  • သင့်တွင် မည်သည့် ကြီးကြပ်ရေး အာဏာပိုင်ကို မဆို တိုင်ကြားချက်များ တင်နိုင်ခွင့်ရှိသည်။
  • သင့်အနေဖြင့် အချို့အခြေအနေများတွင် သင့်ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း၊ စီစဉ်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနှင့်/သို့မဟုတ် ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်းသည့် အငြင်းပွားမှု တစ်စုံတစ်ရာကို ဖြေရှင်းရန် စုပေါင်းစီရင်ဆုံးဖြတ်မှုတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုနိုင်ခွင့်ရှိသည်။
  • သင့်အနေဖြင့် ဒေသတွင်း ဥပဒေရေးရာ လိုအပ်ချက်များအရ ဖော်ပြပါတို့အပေါ် တောင်းဆိုနိုင်ခွင့်ရှိသည် (က) သင်နှင့်ပတ်သက်၍ WPO မှ ကောက်ယူ ထိန်းသိမ်းထားသော ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်သည့် အချက်အလက်များ ကြည့်ရှုရန်နှင့် လက်ခံရန်တို့ကို တောင်းဆိုနိုင်ခြင်း၊ () သင့်ကိုယ်ရေး အချက်အလက်များအား အချိန်နှင့်တပြေးညီ ပြင်ဆင်မွမ်းမံခြင်းနှင့် မမှန်ကန်မှုများကို ပြင်ဆင်နိုင်ခြင်း၊ နှင့် () သင့် ကိုယ်ရေးအချက်အလက်များကို သင့်လျော်သလို ပိတ်ခြင်း သို့မဟုတ် ဖျက်ခြင်း။
  • သင့်အနေဖြင့် သင်၏ သဘောတူညီမှုကို ရုတ်သိမ်းခြင်းဖြင့် သတင်းအချက်အလက် ရည်ရွယ်ချက်များ (ဥပမာအချက်အလက်များကို သင့်ထံ အီးမေးလ် သို့မဟုတ် စာတိုဖြင့် ပေးပို့ခြင်း၊ WPO ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သင့်ထင်မြင်ချက်အား မေးမြန်းခြင်း) အတွက် သင်၏ ကိုယ်ရေးအချက်အလက်များကို WPO မှ ဆက်လက်ကောက်ယူခြင်း မပြုတော့ရန် တောင်းဆိုခွင့်ရှိပါသည်။ WPO သို့ ဆက်သွယ်ခြင်းဖြင့် မည်သည့်အချိန်တွင်မဆို ရုတ်သိမ်းခွင့်ရှိပါသည်။

 

WPO အနေဖြင့် ကျွန်ုပ်တို့၏ သင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူပုံ သို့မဟုတ် အသုံးပြုပုံတို့နှင့် စပ်လျဉ်းသည့် တိုင်ကြားမှုများကို ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး အခြေခံမူများနှင့်အညီ ဖြေရှင်းရန် သန္နိဋ္ဌာန်ချထားပါသည်။ WPO အနေဖြင့် ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုနှင့် အာဏာတည်စေသည့် လုပ်ပိုင်ခွင့်များအတိုင်း လိုက်နာဆောင်ရွက်ပါမည်။ အီးယူနှင့်/သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံအတွင်း အတည်တကျနေထိုင်သူများအနေဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး မူဝါဒနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု သို့မဟုတ် တိုင်ကြားမှုများအတွက် WPO  dataprotection@workplaceoptions.com သို့ ဦးစွာ ဆက်သွယ်သင့်ပါသည်။

WPO အနေဖြင့် အီးယူနှင့် ဆွစ်ဇာလန်မှ လွှဲပြောင်းပေးပို့သော ဒေတာများနှင့်ပတ်သက်သည့် ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေးဆိုင်ရာ မဖြေရှင်းနိုင်သည့် တိုင်ကြားချက်များအား အီးယူ ဒေတာကာကွယ်ရေး အာဏာပိုင်များအဖွဲ့ (DPAs) နှင့် ဆွစ် ဖက်ဒရယ် ဒေတာကာကွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ကော်မရှင်နာ (FDPIC) တို့မှ ဖွဲ့စည်းထားသည့် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။

ကလေးများအတွက် လုံခြုံရေး

မိဘများနှင့် တရားဝင် အုပ်ထိန်းသူများထံမှ ခွင့်ပြုချက်ရမှသာ ကလေးများထံသို့ ဝန်ဆောင်မှုများကို ပေးမည်ဖြစ်သည်။ မိဘများနှင့် တရားဝင်အုပ်ထိန်းသူများမှ ကလေးများ၏ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်နေသင့်ပြီး ကျွန်ုပ်တို့ ဝန်ဆောင်မှုမှ တစ်ဆင့် ကိုယ်ရေးအချက်အလက်များကို အခြားသူများထံ မပေးသင့်ကြောင်းကို ဤမူဝါဒမှ တစ်ဆင့် သင်ကြားပေးနိုင်မည်ဖြစ်သည်။ ကလေးသည် ၁၈ နှစ်အောက်ဖြစ်ပြီး ကျွန်ုပ်တို့ထံ အချက်အလက်များကို တင်ပြထားသည်များရှိပါက ကျွန်ုပ်တို့ထံဆက်သွယ်ပါ။ သင်အနေဖြင့်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထောက်ပံ့ရန်အတွက်  သင့်နိုင်ငံအရ အသက် ၁၈ နှစ်အနည်းဆုံးရှိနေရမည်ဖြစ်သည်။ (အခြားနိုင်ငံများတွင် သင့်ကိုယ်စား သင့်မိဘ နှင့် အုပ်ထိန်းသူများကို သင့်အချက်အလက်များ အသုံးပြုရန် ခွင့်ပြုနိုင်ပါသည်။ )

သင့်ဒေတာများ၏ လုံခြုံမှု

ကျွန်ုပ်တို့ထံ ပေးထားသော သင့်ကိုယ်ရေးအချက်အလက်များအား အခွင့်မရှိသော ကြားခံအဖွဲ့များမှ အသုံးပြုနိုင်ခြင်းမရှိစေသည့် နည်းလမ်းအဖြစ် နည်းပညာအရသာမက အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေး ဆောင်ရွက်ချက်များအားလုံးဖြင့် လုံခြုံအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အီးမေးလ်ဖြင့် ပေးပို့ခြင်းသည် ဒေတာလုံခြုံမှုကို အပြည့်အဝ အာမမခံနိုင်သည့်အတွက် အလွန် ထိရှလွယ်သော ဒေတာ သို့မဟုတ် အချက်အလက်များ ပေးပို့သည့်အခါ စာပို့ဝန်ဆောင်မှုကို အသုံးပြုရန် အကြံပြုလိုပါသည်။

သိမ်းဆည်းထားမည့် ကာလ

သင်ပေးသော ကိုယ်ရေးအချက်အလက်များကို GDPR နှင့် BDSG တို့၏ အခြေခံမူဝါဒများ၏ ခွင့်ပြုနိုင်သည့် အတိုင်းအတာအထိ ထည့်သွင်းစဉ်းစားလျက် ပြဌာန်းသိမ်းဆည်းကာလ သက်တမ်းကုန်ဆုံးသည့်အချိန်အထိ ဝက်ဘ်ဆိုက် အသုံးပြုနေသည့် ကာလအတွက် သို့မဟုတ် အချက်အလက်၊ ဝန်ဆောင်မှုများ သို့မဟုတ် ပံ့ပိုးမှုများအပေါ် ကြိုတင်သတ်မှတ်ထားသည့် ဖြစ်ရပ်တစ်ခုအတွင်း ကျွန်ုပ်တို့မှ သိမ်းဆည်းထားမည် ဖြစ်သည်။

အချက်အလက်များ ပေါက်ကြားခြင်း

အက်ပလီးကေးရှင်း နှင့် (သို့) ပလက်ဖောင်းမှ သုံးစွဲသူအချက်အလက်များ လုံခြုံရေး သို့ အခြားသူများထံ အချက်အလက်များ မပေါက်ကြားရန်တာဝန်ခံထားသော်လည်း ၄င်းတို့တွင် ပြင်ပမှ လုပ်ဆောင်ချက်များဖြစ်သည့် လုံခြုံရေးကို တိုက်ခိုက်ခံရခြင်း သို့ အတုပြုလုပ်ခြင်း၊ တို့ မပါဝင်ပါ။ အချက်အလက်များကို ပုံမှန် တိုင်းတာ စစ်ဆေးမှုများ ရှိမည်အပြင် လိုအပ်ပါက ဉပဒေဖက်မှ ပူးပေါင်းရန်တောင်းဆိုချက်၊ စစ်ဆေးမှုနှင့် သတင်းပို့ခြင်းတို့ပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ သတင်းအချက်အလက် ပေါက်ကြားမှု ဆိုရာတွင် ၄င်းအတွက် အသုံးပြုသူကို ထိခိုက်နိုင်မည့် ပေါက်ကြားမှုမျိုးဖြစ်ပါက သတင်းပေးပို့မည်ဖြစ်ပြီး ဉပဒေအရ လိုအပ်ခြင်းများအတွက်လည်း သတင်းပေးပို့မည်ဖြစ်ကာ ၄င်းကို အီးမေးလ်မှတဆင့် အကြောင်းကြားမည်ဖြစ်သည်။

တရားဉပဒေနှင့်အညီ ထိန်းသိမ်းခြင်း

ကျွန်ုပ်တို့ စုစည်းထားသော၊ အသုံးပြုထားသော သို့ ဉပဒေအရ လိုအပ်သော သို့ ခွင့်ပြုထားသော အချက်အလက်များကို ထိန်းသိမ်းထားမည်ဖြစ်သည်။ ထိုသို့ ထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့၏ ရပိုင်ခွင့်များကို ထိန်းသိမ်းခြင်း၊ သင့်၏ လုံခြုံရေးနှင့် အခြားသူများလုံခြုံရေးကို ကာကွယ်ခြင်း၊ အမှုအခင်းများ စစ်ဆေးခြင်း၊ အစိုးရတောင်းဆိုချက်များကို တုံပြန်ခြင်းများအတွက် အကျိုးရှိမည်ဟု ယုံကြည်ပါသည်။ လုပ်ငန်းအတွက် အခြားကုမ္ပဏီသို့ ပြောင်းလဲပေးရခြင်း သို့ ပိုင်ဆိုင်မှု၏ အချိုးအစားများကို ရောင်းချရသောအခါများတွင် သင့်၏ သုံးစွဲသူအကောင့် နှင့် ကိုယ်ရေးအချက်အလက်များကိုလည်း ပြောင်းလဲပေးနိုင်ပါသည်။

အခြား မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများ

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ သို့မဟုတ် သင့်အချက်အလက်များ ကောက်ယူခြင်းနှင့်ပတ်သက်၍ မေးမြန်းလိုသည်များ သို့မဟုတ် စိုးရိမ်ပူပင်မှုတစ်စုံတစ်ရာ ရှိပါက ကျွန်ုပ်တို့ရှိရာ အောက်ပါလိပ်စာသို့ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်-

Data Protection Officer of Workplace Options
Robert Niedermeier,
Data Business Services GmbH & Co. KG
dataprotection@workplaceoptions.com

သတိပြုရမည်မှာ အီးမေးလ်မှာ ဆက်သွယ်ရာတွင် အလုံခြုံဆုံးသော နည်းလမ်းမဟုတ်ပါ။ ထိုကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အီးမေးလ်ဖြင့် ပို့ရန်အတွက်အကြံမပြုလိုပါ။

စီရင်ပိုင်ခွင့်အာဏာနှင့် သက်ဆိုင်ရာ ဥပဒေ

မြောက်ကာရိုလိုင်းနား ပြည်နယ်ဥပဒေများသည် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက် (ဖော်ပြချက်) အား ဥရောပ စီးပွားရေး နယ်မြေအတွင်းရှိ အချက်အလက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်များအတွက် ဒေတာကာကွယ်ရေးဆိုင်ရာ အထွေထွေစည်းမျဉ်းကဲ့သို့ ဆိုင်ရာ ဒေသတွင်း ဥပဒေကို ကျော်လွန်ပယ်ချခြင်း မရှိသည့်အတိုင်းအတာအထိ လွှမ်းမိုးမှုရှိမည်ဖြစ်သည်။ ဤဖော်ပြချက်မှ သို့မဟုတ် ဤဖော်ပြချက်နှင့် စပ်လျဉ်းပြီး အရေးယူဆောင်ရွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပြီး ဒေသတွင်း ဥပဒေသည် သင့်အား ဒေသတွင်းတရားရုံးတစ်ခုတွင် လျှောက်ထားနိုင်သည့် အခွင့်အရေးတစ်ခုကို ပေးခြင်းမရှိခဲ့လျှင် သင့်အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝိတ်ခ် စီရင်စုရှိ တရားရုံးများ၏ စီရင်ပိုင်ခွင့်အား နောက်ဆုံးအဖြစ် သဘောတူညီမည်ဖြစ်သည်။ ဤဝက်ဘ်ဆိုက်တွင် တင်ပြထားသော အချက်အလက်များနှင့် ကုန်ကြမ်းအချက်အလက်များတွင် ကုန်ပစ္စည်းရောင်းချမှုများ( ဥပမာထုတ်ဝေခြင်းများ၊ စာအုပ်များ) ပါဝင်ပါက သင် သို့မဟုတ် WPO တွင်ရှိသည့် နောက်ဆက်တွဲ ရပိုင်ခွင့်များနှင့် ဝတ္တရားများသည် နိုင်ငံတကာ ကုန်ပစ္စည်းရောင်းချမှုဆိုင်ရာ စာချုပ်များ(CISG) အတွက် ကုလသမဂ္ဂ ညီလာခံမှ လွှမ်းမိုးနိုင်မည် မဟုတ်ဘဲ ၎င်း၏ လျှောက်ထားမှုကိုလည်း ဖယ်ထုတ်ထားမည်ဖြစ်သည်။ သင်သည် ဤဝက်ဘ်ဆိုက်အား ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို အသုံးပြုနိုင်ပါမည်။ အကယ်၍ သင်၏ ဤဝက်ဘ်ဆိုက်မှပေးသော အကျိုးကျေးဇူးများ အသုံးပြုခွင့်သည် သင့် နယ်မြေဥပဒေများနှင့် ကွဲလွဲနေပါက WPO အနေဖြင့် ဤဝက်ဘ်ဆိုက်ကို အသုံးမပြုရန် သင့်အား လေးလေးနက်နက်တောင်းဆိုလိုပါသည်၊ သင့်နယ်မြေ၏ ဥပဒေများကို သိရှိနားလည်ထားရန်နှင့် ၎င်းတို့နှင့်အညီ လိုက်နာရန် သင့်တွင်တာဝန်ရှိပါသည်။

ဤမူဝါဒကိုလက်ခံခြင်း

သင့်အနေဖြင့် ဤမူဝါဒကို ဖတ်ရှုပြီးနောက် ပါဝင်သော စည်းကမ်းချက်များကို သိရှိပြီး လက်ခံသဘောတူရမည်ဖြစ်သည်။ ဝက်ဘ်ဆိုက်/အပ်ပလီကေးရှင်း သို့ ၄င်း၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဤမူဝါဒကို လက်ခံပြီး ဖြစ်နေမည်။ အကယ်၍ ဤမူဝါဒအတိုင်း ပါဝင်သော စည်းကမ်းချက်များကို လက်ခံမှုမရှိပါက သင့်အနေဖြင့် ဝက်ဘ်ဆိုက်/အပ်ပလီကေးရှင်း သို့ ၄င်း၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့် ရှိမည်မဟုတ်ပါ။

 

သုံးစြဲရန္ သတ္မွတ္ခ်က္မ်ား

A.I.R. Training for Managers – World Mental Health Day 2025

00DAYS: 00HOURS: 00: 00 Expired

Dr. Kennette Thigpen joins #BHT2025 to discuss evolving beyond traditional EAPs and redefining mental health support in today’s workplace.