Your Member Benefits Website features include:

  • Access to online articles with helpful information
  • Ability to submit an online form asking a counselor to contact you
  • Topics covering working life, wellness, parenting, management, etc.
  •  
  • On the next screen, you’ll be asked to enter your company code and company password.

Your Customer Hub features include:

  • Automated headcount updates in UCMS
  • Invoicing reflective of the active populations under your account
  • Access reporting with case trends, disruptive issues, utilisation

Local Service Partners

Local Service Partners are independent EAPs with which WPO has established strategic relationships for the delivery of global EAP services in alignment with the WPO models, processes and quality standards.

သုံးစွဲရန် သတ်မှတ်ချက်များ

Español Europeo | Français | Français Canadien | Nederlands | Deutsch | English | Español Latinoamericano | Português | Português-Brasil | Swedish | 简体中文 | 繁體中文 | 日本語 | 한국어 | ភាសាខ្មែរ | Tiếng Việt | ไทย | Türkçe | Bahasa Indonesia | हिंदी | اردو | မြန်မာ | Cebuano |

 

 ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် ဤအထွေထွေ သုံးစွဲရန် သတ်မှတ်ချက်များ၊ ကိုယ်ရေးလုံခြုံမှု သတိပေးချက်နှင့် ကျင့်ထုံးများကို စောင့်ထိန်းလိုက်နာရန် လက်ခံပါသည်ဟု သဘောတူညီခြင်းဖြစ်သည်။ ဤဝက်ဘ်ဆိုက်သည် အပြုအမူဆိုင်ရာ သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ပြီး သင်သည် ဆိုးရွားသည့် ကျန်းမာရေး အခြေအနေတစ်ခုခု ခံစားနေရလျှင် သော်လည်းကောင်း၊ သင်ကိုယ်တိုင် သို့မဟုတ် အခြားသူများ အန္တရာယ်ရှိနိုင်သည်ဟု ခံစားနေရလျှင်သော်လည်းကောင်း ကျေးဇူးပြု၍ ဒေသတွင်း အရေးပေါ်တယ်လီဖုန်းနံပါတ်သို့ ချက်ချင်း ဆက်သွယ်ပါ။

၁။ ဝက်ဘ်ဆိုက် ပိုင်ဆိုင်မှု။   ဤဝက်ဘ်ဆိုက်နှင့် ၎င်း၏ အပ်ပလီကေးရှင်းများကို Workplace Options၊ LLC နှင့် ၎င်း၏ မိတ်ဖက် (“WPO”) တို့မှ ပိုင်ဆိုင်ပါသည်။ ဤဝက်ဘ်ဆိုက်အား အခွင့်မရှိဘဲဖြစ်စေ/သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်ဖြင့်ဖြင့်စေ အသုံးပြုခြင်းကို တားမြစ်ထားပြီး ချိုးဖောက်သူများအား သက်ဆိုင်ရာ ဥပဒေအရ အပြည့်အဝ တရားစွဲဆိုသွားမည်ဖြစ်သည်။ WPO ၏ ဒါရိုက်တာများ၊ မန်နေဂျာများ၊ ဝန်ထမ်းများနှင့် ကိုယ်စားလှယ်များ အပါအဝင် WPO အနေဖြင့် အောက်ပါတို့အတွက် တာဝန်ရှိမည် မဟုတ်ပါ-

  • ဝန်ဆောင်မှု ပံ့ပိုးသူ သို့မဟုတ် အခြား အဖွဲ့အစည်းတစ်ခုခုမှ ဤဝက်ဘ်ဆိုက်သို့ တင်ပြသည့် အချက်အလက်များမှ ဖြစ်စေသည့် ကိုယ်စားပြုဖော်ပြမှု တစ်စုံတစ်ရာ၏ တိကျမှန်ကန်မှုကို စုံစမ်းစစ်ဆေးရန်
  • ဝန်ဆောင်မှု ပံ့ပိုးသူ သို့မဟုတ် အခြား အဖွဲ့အစည်းတစ်ခုခုမှ ဤဝက်ဘ်ဆိုက်သို့ တင်ပြသည့် အချက်အလက်များ၏ ထင်မြင်ချက်များ၊ ရှုထောင့်များ၊ ခန့်မှန်းချက်များ၊ ဆန်းစစ်အကဲဖြတ်မှုများ၊ ရှေ့ဖြစ်ခန့်မှန်းချက်များ သို့မဟုတ် ထောက်ခံချက်များအတွက်
  • ဤဝက်ဘ်ဆိုက် သို့မဟုတ် အခြား ဝက်ဘ်ဆိုက်တစ်ခုခုကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြု၍ မရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု(များ) သို့မဟုတ် ပျက်စီးမှု(များ)အတွက်

 

၂။   ဝက်ဘ်ဆိုက်ကို အသုံးပြုခြင်း။  ဤဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကုန်ကြမ်းအချက်အလက်များမှာ “ကဲ့သို့” ဟူသော အနေအထားကိုသာ အခြေခံထားခြင်းဖြစ်ပြီး သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ကျန်းမာကြံ့ခိုင်ခြင်း၊ အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း၊ တိကျမှန်ကန်ခြင်း၊ အချိန်ကိုက်ဖြစ်ခြင်း၊ စွမ်းဆောင်ရည်၊ ပြည့်စုံမှုနှင့် ချိုးဖောက်မှုမရှိခြင်းတို့အတွက် အာမခံခြင်းအပါအဝင် မည်သို့သော အာမခံချက်ကိုမျှ ဖော်ပြခြင်း သို့မဟုတ် သွယ်ဝိုက်ဖော်ပြခြင်း မဟုတ်ပါ။

  • ဝန်ဆောင်မှုပေးသူအား ရွေးချယ်ခြင်းနှင့် ၎င်း၏ အရည်အသွေးများကို ဆန်းစစ်သုံးသပ်ခြင်းတို့အတွက် သင်တစ်ဦးတည်းတွင်သာ တာဝန်ရှိပါသည်၊
  • ဝန်ဆောင်မှုပေးသူမှ ပေးသော အကြံဥာဏ်၊ အကူအညီ သို့မဟုတ် ညွှန်ကြားချက်များ၏ လက်တွေ့ကျမှုကို ဆန်းစစ်သုံးသပ်ရန်မှာ သင့်အပေါ်တွင်သာ အပြည့်အဝ မူတည်ပါသည်၊
  • အဆိုပါ အကြံဥာဏ်၊ အကူအညီ သို့မဟုတ် လမ်းညွှန်ချက်များကို အသုံးချရန် ဆုံးဖြတ်ချက်မှာ သင့်အပေါ်တွင်သာ အပြည့်အဝ မူတည်ပါသည်။

 

၃။ အသိဥာဏ်ဆိုင်ရာ ပိုင်ဆိုင်မှု။ မည်သည့် ပုံစံဖြင့်မဆို ခွဲခြားသိရှိနိုင်သော သို့မဟုတ် ၎င်း၏ ပတ်လည်မှ စာသားများနှင့် ခြားနားနေသည့် ပုံစံဖြင့် မြင်ရသော (တစ်စုတည်းပြောရလျှင် “ကုန်အမှတ်တံဆိပ်များ”) ဤဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ထုတ်ကုန်အမည်များ၊ မူပိုင်ခွင့်များ၊ လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများ၊ ဒီဇိုင်းများ၊ အဆင်အပြင်များနှင့် ရုပ်ပုံများမှာ အခြားအဖွဲ့အစည်းတစ်ခုခုမှ ပိုင်ဆိုင်သည်ဟု ခွဲခြားဖော်ပြထားခြင်းမရှိလျှင် WPO မှ ပိုင်ဆိုင်သည့် ကုန်အမှတ်တံဆိပ်များ ဖြစ်ပါသည်။ ဤစာချုပ်တွင် ပါဝင်သည်များအား WPO သို့မဟုတ် ကြားခံအဖွဲ့တစ်ခု၏ ကုန်အမှတ်တံဆိပ်တစ်ခုခုအရ ဖော်ပြထားသည်ဖြစ်စေ၊ သွယ်ဝိုက်ဖော်ပြသည်ဖြစ်စေ၊ သွယ်ဝိုက်ပြောဆိုခြင်း၊ ဥပဒေအရ အထောက်အထား သို့မဟုတ် လိုင်စင် သို့မဟုတ် ရပိုင်ခွင့် ပေးအပ်သည်ဟု မမှတ်ယူသင့်ပါ။ WPO ၏ ကြိုတင်ရေးသားခွင့်ပြုခြင်းမရှိဘဲ ကုန်အမှတ်တံဆိပ်တစ်ခုခုအား အသုံးမပြုရပါ။

 

၎။ စွန့်စားမှုများအပေါ် တာဝန်ယူမှု။ သင့်အနေဖြင့် ဝက်ဘ်ဆိုက် အသုံးပြုနိုင်မှု၊ အချက်အလက်များ တိကျမှန်ကန်မှု၊ အသုံးပြုမှု၊ ကောက်ယူမှု၊ လွှဲပြောင်းပေးမှု၊ ဖွင့်ဟထုတ်ဖော်မှု၊ နှင့်/သို့မဟုတ် သင့် ကွန်ပျူတာ စနစ်တစ်ခုခု ချို့ယွင်းမှုတို့ကြောင့် ဆက်စပ်ဖြစ်ပေါ်လာသည့် အန္တရာယ်များ အပါအဝင် ဤဝက်ဘ်ဆိုက် အသုံးပြုခြင်း၊ အထွေထွေ အင်တာနက် သို့မဟုတ် ဤဝက်ဘ်ဆိုက်မှ ပေးသော ဝန်ဆောင်မှုများအသုံးပြုခြင်းမှ ဖြစ်ပေါ်လာသည့် အန္တရာယ်များအားလုံးကို ဥပဒေမှ ခွင့်ပြုထားသည့် အတိုင်းအတာ အပြည့်အဝအထိ တာဝန်ရှိကာ တာဝန်ယူရမည်ဖြစ်သည်။ မက်ဆေ့ခ်ျပေးပို့မှုအား လက်ငင်းဘာသာပြန်ပေးခြင်းများကို ကြားခံအဖွဲ့တစ်ခု၏ အလိုအလျောက် ဘာသာပြန်ဝန်ဆောင်မှုတစ်ခုမှ ပြုလုပ်ပေးပါသည်။ အဆိုပါ ဘာသာပြန်အချက်အလက်များ၏ တိကျမှန်ကန်မှု သို့မဟုတ် အကျုံးဝင်မှုတို့အတွက် သင့်တွင် အပြည့်အဝ တာဝန်ရှိမည်ဖြစ်သည်။ သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်ရန်အတွက် WPO အနေဖြင့် ဘာသာပြန်မှားယွင်းမှု သို့မဟုတ် ဘာသာပြန်ဆိုမှု(များ)အပေါ် နားလည်မှုလွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးမှုအတွက်မဆို မည်သည့်တာဝန်မှ ရှိမည်မဟုတ်ပါ။ WPO သို့မဟုတ် အထက်တွင် ဖော်ပြထားသည့်  အခြားအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များကြောင့် ဤကဲ့သို့သော ပျက်စီးမှုများ ဖြစ်နိုင်ချေရှိသည်ဟု အကြံပေး ပြောကြားခြင်း ရှိခဲ့စေကာမူ ဤဝက်ဘ်ဆိုက် သို့မဟုတ် ဤဝက်ဘ်ဆိုက်မှ ပေးသော ဝန်ဆောင်မှုများ တည်ရှိမှုကြောင့်ဖြစ်စေ၊ ၎င်းတို့အား အသုံးပြုမှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော သို့မဟုတ် ဆက်စပ်နေသော တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း၊ လက်ငင်းအကျိုးဆက်အားဖြင့်သော်လည်းကောင်း၊ စံပြအဖြစ်သော်လည်းကောင်း၊ အထူးအနေဖြင့်သော်လည်းကောင်း( အမြတ်ဆုံးရှုံးခြင်း အပါအဝင်)၊ ဒဏ်ကြေးအနေဖြင့်သော်လည်းကောင်း သို့မဟုတ် အခြား ပျက်စီးမှုများအပါအဝင် ကန့်သတ်ထားခြင်းမရှိဘဲ  မည်သို့သော အမျိုးအစား၊ သဘာဝအားဖြင့် ပျက်စီးမှုမျိုးအတွက်မဆို ဤဝက်ဘ်ဆိုက် ပိုင်ရှင်၊ ၎င်း၏ မိတ်ဖက်များ သို့မဟုတ် လက်အောက်ခံများ၊ နှင့်/သို့မဟုတ် ၎င်းတို့၏ သက်ဆိုင်ရာ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားပြုသူများ၊ သတင်းအချက်အလက် ပံ့ပိုးပေးသူများ၊ နှင့် လိုင်စင်ရထားသူများ နှင့်/သို့မဟုတ် ၎င်းတို့၏ ဆက်ခံသူများနှင့် တာဝန်ရှိသူများမှ တာဝန်မရှိကြောင်းကို သင်သိရှိထားပြီး သဘောတူပြီးဖြစ်သည်။

 

ဆက်လက်၍ သင့်အနေဖြင့် ဤဝက်ဘ်ဆိုက်၊ ၎င်း၏ အင်္ဂါရပ်များ၊ သတင်းအချက်အလက်များ၊ အချက်အလက် ကုန်ကြမ်း(များ)နှင့် ပါဝင်သည့် အကြောင်းအရာများကိုသော်လည်းကောင်း၊ ဤဝက်ဘ်ဆိုက်၏ အခြားသော ဝန်ဆောင်မှုများ သို့မဟုတ် WPO ၏ အခြားဝန်ဆောင်မှု တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျိုးကြောင်းညီသော ရှေ့နေခများနှင့် တရားရုံးစရိတ်များအပါအဝင် မည်သည့် အခကြေးငွေ၊ တောင်းဆိုပိုင်ခွင့်၊ ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာ၊ အငြင်းပွားမှုများ၊ အရေးယူခံရသည့် အကြောင်းရင်း၊ ပျက်စီးမှုများနှင့် ကုန်ကျစရိတ်များကို ဤဝက်ဘ်ဆိုင် ပိုင်ရှင်များ၊ ၎င်းတို့၏ အရာရှိများ၊ တာဝန်ခံများ၊ ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ အရာရှိများ၊ ဒါရိုက်တာများ၊ သို့မဟုတ် ပစ္စည်းသွင်းသူများနှင့် ၎င်းတို့၏ ဝန်ထမ်းများအပေါ် မည်သည့်လျော်ကြေးမှ တောင်းဆိုခြင်း၊ တာဝန်ယူစေခြင်းများ မရှိကြောင်းကို သဘောတူသည် ဖြစ်သည်။

 

၅။ ဝက်ဘ်ဆိုက်ပေါ်တွင် တင်ခြင်း။ သင့်အနေဖြင့် အမေရိကန်နိုင်ငံ၏ ဥပဒေ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတစ်ခုခုကို ချိုးဖောက်သည့် သဘောဖြင့် မမှန်ကန်သော၊ အသရေပျက်စေသော၊ မတိကျသော၊ ရင့်သီးကြမ်းတမ်းသော၊ ရိုင်းပျသော၊ မုန်းတီးသော၊ ညစ်ညမ်းသော၊ ဘာသာရေးစော်ကားသော၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်သော၊ ခြိမ်းခြောက်သော၊ လူတစ်ယောက်၏ ကိုယ်ရေးလုံခြုံမှုကို ထိပါးစေသော၊ သို့မဟုတ် အရွယ်ရောက်သူများနှင့်သာ သင့်လျော်သည့် အကြောင်းအရာများအား ဤဝက်ဘ်ဆိုက်ပေါ်သို့ တင်ခြင်းမပြုရန် သဘောတူညီပါသည်။ မူပိုင်ခွင့်ကို သင် မပိုင်ဆိုင်လျှင်သော်လည်းကောင်း၊ မူပိုင်ခွင့်ရှိသော အကြောင်းအရာ (များ)ကို တင်ရန် မူပိုင်ခွင့်ရှိသူ ပိုင်ရှင်ထံမှ စာဖြင့်ရေးသားထားသည့် သဘောတူညီချက်မရှိလျှင်သော်လည်းကောင်း မူပိုင်ခွင့်ရှိသော မည်သည့်အကြောင်းအရာကိုမျှ မတင်ရပါ။ အလိုမရှိသော ကြော်ငြာများ၊ ကွန်ရက်အားနှောင့်ယှက်မည့် ဒေတာများစွာ ပေးပို့ခြင်း၊ ထပ်ဆင့်ပေးပို့စေသော စာများ၊ ဖြတ်လမ်းနည်းဖြင့် လူစုဆောင်းသည့် စီးပွားရေး ပုံစံများ၊ ငွေတောင်းခံခြင်းများကိုလည်း တားမြစ်ထားပါသည်။

 

 

၆။ သင့်အကောင့်။ သင်၏ သုံးစွဲသူအမည်နှင့် စကားဝှက်ကို ရွေးချယ်နိုင်ခွင့်ရှိသည်။ သင် အကာအကွယ်ရရှိရန်နှင့် လုံခြုံရေး အကြောင်းပြချက်များအတွက် သင်၏ အစီအစဉ် ကြီးကြပ်သူမှလွဲ၍ အခြားသူတစ်ဦးဦးအား သင့် သုံးစွဲသူအမည်နှင့် စကားဝှက်ကို မည်သည့်အခါမှ မပေးရန် သဘောတူရပါမည်။ အကောင့်ခိုးယူခံရခြင်းမှ ကာကွယ်ရန် သင့်အကောင့်အတွက် စကားဝှက်ကို ရှုပ်ထွေးပြီး အများနှင့်မတူသည့် စကားဝှက်ကို အသုံးပြုသင့်သည်။ သင့်အကောင့်၊ သင့်ပရိုဖိုင် အချက်အလက်များ၊ နှင့်/သို့မဟုတ် ဤဝက်ဘ်ဆိုက်မှ အခြားမှတ်တမ်းများ သို့မဟုတ် ဒေတာများကို အပြီးအပိုင် ဖယ်ရှားလိုပါက ကျေးဇူးပြု၍ အစီအစဉ် ကြီးကြပ်သူထံ ဆက်သွယ်ပါ။

 

၇။ ဝန်ဆောင်မှုများ ရရှိခြင်း။ ဤဝက်ဘ်ဆိုက်တွင် နိုင်ငံအားလုံး၌ မရရှိနိုင်သည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားနိုင်သည်။ အချို့ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် အသုံးပြုထားသော ကုန်အမှတ်တံဆိပ်များမှာ သက်ဆိုင်ရာ နိုင်ငံများအလိုက် ကွာခြားနိုင်သည်။ အချို့နိုင်ငံများတွင် ဤဝက်ဘ်ဆိုက်ပေါ်၌ ဖော်ပြထားသည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအချို့ကို စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များမှ မတူညီသော သုံးစွဲပုံများ၊ ကန့်သတ်ချက်များဖြင့် အတည်ပြုခြင်း သို့မဟုတ် ရှင်းလင်းခြင်းများ ရှိနိုင်သည်။

 

၈။ ကိုယ်ရေးလုံခြုံမှု သတိပေးချက်။ သတင်းအချက်အလက် ကာကွယ်ပေးမှုဆိုသည်မှာ အဘယ်နည်း။ WPO အနေဖြင့် အမေရိကန်နိုင်ငံ၏ ကျန်းမာရေး အာမခံဆိုင်ရာ လွှဲပြောင်းနိုင်စွမ်းနှင့် တာဝန်ခံယူမှု  အက်ဥပဒေအရလည်းကောင်း၊ ယူနိုက်တက် ကင်းဒမ်းနိုင်ငံ၏ ဒေတာကာကွယ်ရေး အက်ဥပဒေ ၁၉၉၈ အရ လည်းကောင်း ဖော်ပြထားသော မည်သည့်စံနှုန်းအားလုံးကိုမှ ကန့်သတ်မှုမရှိခြင်း အပါအဝင် ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းနှင့် စံနှုန်းအားလုံးနှင့် အညီ တစ်ကိုယ်ရေနှင့် ပုဂ္ဂလိက အချက်အလက်များအားလုံးကို ကာကွယ်ရန် သန္နိဋ္ဌာန်ချ ဆောင်ရွက်လျက်ရှိပါသည်။ ဤဝက်ဘ်ဆိုက်အား ဥရောပ သမဂ္ဂအတွင်း အသုံးပြုသည့်ဖြစ်ရပ်တွင် WPO အနေဖြင့် ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ စတင်အသက်ဝင်သည့် ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေးမူဘောင်၊ အထွေထွေဒေတာကာကွယ်ရေး စည်းမျဉ်း (စည်းမျဉ်း (အီးယူ)၂၀၁၆/၆၇၉) နှင့် ရှေ့ဆက်အကောင်အထည်ဖော်သွားမည့် မည်သည့် နိုင်ငံ့ဥပဒေကိုမဆို လိုက်နာသွားမည်ဖြစ်သည်။

သင်၏ ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံနှင့် ပတ်သက်သည့် နောက်ဆက်တွဲ အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ (https://www.workplaceoptions.com/privacy-policy) တွင် ကြည့်ပါ။

 

WPO အနေဖြင့် ကောက်ယူထားသော၊ အသုံးပြုသော၊ ထိန်းသိမ်းထားသော ကိုယ်ရေးအချက်အလက်များအား ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံများမှ အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးခြင်းတို့နှင့် စပ်လျဉ်းသည့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဌာနမှ ချမှတ်ထားသော ဥရောပ အီးယူ-ယူအက်စ် ကိုယ်ရေးလုံခြုံမှု မူဘောင်နှင့် ဆွစ်-ယူအက်စ် ကိုယ်ရေးလုံခြုံမှုမူဘောင်တို့ကို လိုက်နာဆောင်ရွက်ပါသည်။ WPO အနေဖြင့် ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေးအခြေခံမူများကို လိုက်နာမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဌာနသို့ တရားဝင်အသိပေးထားပါသည်။ ဤကိုယ်ရေးလုံခြုံမှု သတိပေးချက်နှင့် ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေးအခြေခံမူများရှိ အသုံးအနှုန်းများကြား ကွဲလွဲမှု တစ်စုံတစ်ရာရှိနေခဲ့ပါက ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေးအခြေခံမူများကို အတည်ဟုမှတ်ယူရမည်ဖြစ်သည်။ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ကာကွယ်ရေး အစီအစဉ်အကြောင်း ပိုမိုသိရှိလိုလျှင်ဖြစ်စေ၊ ကျွန်ုပ်တို့၏ တရားဝင်ထောက်ခံချက်အား ကြည့်ရှုလိုလျှင်ဖြစ်စေ ကျေးဇူးပြု၍ https://www.privacyshield.gov/welcome သို့ ဝင်ရောက်ကြည့်ရှုပါ။

 

WPO အနေဖြင့် သင့်ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် သက်ဆိုင်ရာ ဥပဒေနှင့်အညီ စီစဉ်ပုံဖော်ထားသည့် သင့်လျော်သော စီမံခန့်ခွဲရေး၊ နည်းပညာနှင့် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုများကို ထိန်းသိမ်းထားရှိပါသည်။ WPO သည် ဤဝက်ဘ်ဆိုက်တွင် လုပ်ငန်းစံနှုန်းအလိုက် စကားဝှက်နည်းကို အသုံးပြုပါသည်။ ကံမကောင်းသည်မှာ အင်တာနက်မှတစ်ဆင့် အချက်အလက်များ လွှဲပြောင်းပေးပို့ခြင်းသည် အပြည့်အဝ လုံခြုံမှုမရှိတတ်ပါ။ WPO အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်စေကာမူ ဤဝက်ဘ်ဆိုက်သို့ ပေးပို့သော သင့်ဒေတာများ၏ လုံခြုံမှုကို အာမခံနိုင်မည် မဟုတ်ပါ၊ မည်သည့်ပေးပို့မှုမဆိုသည် သင့်အတွက် အန္တရာယ်ရှိနိုင်မည် ဖြစ်သည်။

 

WPO အနေဖြင့် သင့် ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ ကိုင်တွယ်စီမံနိုင်ရန်အတွက် WPO ၏ ဝန်ဆောင်မှုများကို အသုံးပြုကြည့်ရှုရာတွင် သင် အသုံးပြုမည့် ကွန်ပျူတာ၊ တက်ဘ်လက် သို့မဟုတ် အခြားမိုဘိုင်းကိရိယာတစ်ခုခုအား ဆန်းစစ်သုံးသပ်မည် မဟုတ်ပါ။ WPO အနေဖြင့် သင့်ကိုယ်ပိုင် အီလက်ထရွန်းနစ်စက်များ၏ လုံခြုံရေးနှင့် ဒေတာကာကွယ်ရေး ချို့ယွင်းချက်များကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးမှုအတွက်မဆို တာဝန်ရှိမည် မဟုတ်ပါ။

 

ကျွန်ုပ်တို့သည် မည်သို့သော အချက်အလက်များကို ကောက်ယူမည်နည်း။   သင့်အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ဤဝက်ဘ်ဆိုက်ကို အသုံးပြုခွင့်ရနိုင်စေရန် WPO တွင် မှတ်ပုံတင်ထားရန် လိုအပ်သည်။ WPO သည် အွန်လိုင်းစစ်တမ်းများ၊ ဆက်သွယ်ရန်နှင့် မှတ်ပုံတင်စာရင်းသွင်းရန် ပုံစံများကဲ့သို့ အပြန်အလှန် တုံ့ပြန်သည့် အစီစဉ်များမှလည်းကောင်း၊ အောက်တွင် ရှင်းပြထားသည့် ‘ကွတ်ကီး’ အသုံးပြုပုံမှတစ်ဆင့်လည်းကောင်း အချို့အချက်အလက်များကို စုဆောင်းသွားမည်ဖြစ်သည်။ WPO မှ ဤသို့သော ပုံစံဖြင့် လက်ခံရရှိသော အချက်အလက်များသည့် သင့် ဘရောက်ဇာရှိ ချိန်ညှိထားချက်များအပေါ်တွင် မူတည်ပါသည်။ ဥပမာ- အကယ်၍ သင်သည် ကျန်းမာရေးအခြေအနေတစ်ခုနှင့်ဆိုင်သည့် အချက်အလက် သို့မဟုတ် WPO ၏ ထုတ်ကုန်များမှ တစ်ခုအကြောင်းနှင့်ဆိုင်သည့် အချက်အလက် စသည်တို့ကဲ့သို့ ဤဝက်ဘ်ဆိုက်မှ အချက်အလက်တစ်ခုခုကို ဖတ်ရန် သို့မဟုတ် ဒေါင်းလုတ်ဆွဲရန်အတွက် ဤဝက်ဘ်ဆိုက်သို့ ဝင်ခဲ့ပါက WPO အနေဖြင့် သင် အသုံးပြုသော ဝက်ဘ်ဘရောက်ဇာ ဆော့ဖ်ဝဲ အမျိုးအစား၊ သင် ရွေးချယ်သည့် လင့်ခ်များ၊ ဒေတာအသွားအလာ၊ သင့် အင်တာနက်ဒိုမိန်းအမည်၊ ဝင်ရောက်ကြည့်ရာတွင် အသုံးပြုသည့် ဝက်ဘ်ဆိုက်၏ အင်တာနက်လိပ်စာ၊ တည်နေရာအချက်အလက်များ၊ ဤဝက်ဘ်ဆိုက်ရှိ သင်ဝင်ရောက်ကြည့်ရှုခဲ့သည့် ပေ့ခ်ျများ၊ ဝက်ဘ်ဆိုက်မှတ်တမ်းများနှင့် အခြားဆက်သွယ်ရေးဒေတာတို့ အပါအဝင် သင့်ကွန်ပျူတာမှ သင်နှင့်ပတ်သက်သည့် အမည်ဖော်ပြထားခြင်းမရှိသော၊ ကန့်သတ်ထားခြင်းမရှိသော၊ ကိုယ်ရေးကိုယ်တာ အချက်အလက်မဟုတ်သော အချက်အလက်အချို့ကို ကောက်ယူနိုင်ပါသည်။ သင့်ရွေးချယ်မှုများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ (ဥပမာ- အပြုအမူနှင့် ကျန်းမာရေးဝန်ဆောင်မှုများ) ပေါ်မူတည်၍ WPO အနေဖြင့် အောက်ပါတို့အပါအဝင် သင်၏ ကိုယ်ရေးအချက်အလက်များကို သင်၏ ရှင်းလင်းသိသာသည့် သဘောတူညီချက်နှင့်အတူ ကောက်ယူခြင်းနှင့် စီစဉ်အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သုံးစွဲသူများ၏ အချက်အလက်များကို ဖြစ်ရပ်များကို ကာလအလိုက်စီခြင်းနှင့် ဝက်ဘ်ဆိုက်ကို မည်သို့ အသုံးပြုသည်နှင့်သက်ဆိုင်သည့် အချက်အလက်များ၊ ကျွန်ုပ်တို့၏ လုပ်ငန်း လိုအပ်ချက်များနှင့်ကိုက်ညီသည့် ကာလတစ်ခုအတွက် စသည်ဖြင့် သိမ်းဆည်းထားမည်ဖြစ်သည်။ ကျွန်ုပ်တို့ထံ ပေးပို့ထားသော သင့် ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်၍ အမှန်ပြင်လိုလျှင် ဖြစ်စေ၊ မွမ်းမံပြင်ဆင်လိုလျှင်ဖြစ်စေ သို့မဟုတ် ကျွန်ုပ်တို့ သိမ်းဆည်းထားသည့် အချက်အလက်များနှင့်ပတ်သက်၍ မေးမြန်းလိုသည်များ ရှိလျှင်ဖြစ်စေ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ဤဝက်ဘ်ဆိုက်တွင် ကောက်ယူထားသည့် ဒေတာများနှင့် ပတ်သက်၍ သင့်တွင် မည်သည့်အခွင့်အရေးများ ရှိသနည်း။

သင်သည် သင့်ဒေတာများအား ဥပဒေအရ ကြည့်ရှုအသုံးချခွင့်ရှိကြောင်း အာမခံပေးသည့် ဥရောပအသိုက်အဝန်း သို့မဟုတ် အခြား ဥပဒေအရ စနစ်များတွင် လုပ်ကိုင်နေသည်ဆိုလျှင် သင် ကျွန်ုပ်တို့အား ဆက်သွယ်ပါက သက်ဆိုင်ရာ ဥပဒေနှင့်အညီ သင်၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် အခွင့်အရေးများကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

သင့်အနေဖြင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြင့် WPO မှ လှုပ်ရှားမှုများ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အချက်အလက်များ လက်ခံရရှိခြင်းမှ ဖယ်ထွက်နေနိုင်ပြီး/သို့မဟုတ် ဈေးကွက်ရှာဖွေရန်ရည်ရွယ်ချက်များအတွက် ကြားခံအဖွဲ့အစည်းများအား သင့်အချက်အလက်များ မျှဝေပေးခြင်းမှလည်း ဖယ်ထွက်နေနိုင်ပါသည်။

လုပ်ငန်းဆောင်ရွက်ချက်တစ်ခုနှင့် ဆက်စပ်လျက် လိုအပ်သော သို့မဟုတ် ဥပဒေအရဖြစ်သော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ စီစဉ်ဆောင်ရွက်ရန်အတွက် သင်၏သဘောတူညီမှုကို ပေးထားပြီးဖြစ်ပါက သင့်ကိုယ်ရေးအချက်အလက်များ သိမ်းဆည်းထားခြင်းကို စာဖြင့်ရေးသားကာ(ဥပမာ – အီးမေးလ် သို့မဟုတ် ဖက်စ်ဖြင့်) ချက်ချင်း ကန့်ကွက်နိုင်ပါသည်။

သတင်းအချက်အလက် လွှဲပြောင်းပေးခြင်းဆိုသည်မှာ အဘယ်နည်း။ WPO အနေဖြင့် သင်နှင့်ပတ်သက်၍ ကောက်ယူထားသည့် ကိုယ်ရေးအချက်အလက်များကို မူလအချက်အလက် ကောက်ယူထားရာ နိုင်ငံမဟုတ်သည့် အခြားနိုင်ငံများသို့ လွှဲပြောင်းပေးကောင်း ပေးနိုင်ပါသည်။ ဤလွှဲပြောင်းပေးမှုများသည် WPO သို့မဟုတ် သင်တောင်းဆိုထားသည့် ဝန်ဆောင်မှုများကို ပေးအပ်ရန်အလို့ငှာ WPO ၏ ဝန်ဆောင်မှုပေးသူ ကွန်ရက်များအနက်မှ တစ်ခုမှ လည်ပတ်ဆောင်ရွက်သည့် ဝန်ဆောင်မှု စင်တာတစ်ခုသို့ ဖြစ်ပါလိမ့်မည်။ WPO အနေဖြင့် ဥရောပ စီးပွားရေးနယ်မြေ ပြင်ပတွင် သင့်ကိုယ်ရေးအချက်အလက်များအား နိုင်ငံတကာသို့ လွှဲပြောင်းပေးခြင်းများအတွက် လိုအပ်သော သင့်လျော်သည့် အကာအကွယ်များကို လိုက်နာစောင့်ထိန်းသွားမည်ဖြစ်သည်။ သင်သည် ဥရောပ သမဂ္ဂ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံအတွင်း တည်ရှိပါက WPO အနေဖြင့် အတ္တလန္တိတ်ဖြတ်ကျော်၍ အချက်အလက်များ ပေးပို့ခြင်းအတွက် လက်ခံကျင့်သုံးလျက်ရှိသည့်အတိုင်း ဥရောပ သမဂ္ဂဥပဒေ၊ အီးယူ စံပြဥပဒေ အပိုဒ်ငယ်များ၊ နှင့်/သို့မဟုတ် အီးယူ-ယူအက်စ် ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး မူဘောင်စသည်တို့မှ ချမှတ်ထားသည့် စံနှုန်းများနှင့်အညီ ဥရောပသမဂ္ဂပြင်ပသို့ ဒေတာများကို လွှဲပြောင်းပေးသွားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ WPO အနေဖြင့် သင့်တောင်းဆိုမှုအရ ၎င်း၏ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်စေရေးအတွက် သင့်ကိုယ်ရေး အချက်အလက်များအား ရယူကြည့်ရှုပိုင်ခွင့်ကို “သိရန်လိုအပ်သည်” ဟူသော အခြေအနေမျိုးမှသာ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်၊ သင့်ကိုယ်ရေး အချက်အလက်များကို သင်၏ စာဖြင့်ရေးသားထားသော သဘောတူညီချက်မပါဘဲ စုစည်းထားသော အစီရင်ခံစာများ၊ မည်သူမည်ဝါဟု ခွဲခြားမသိရှိနိုင်သော ပုံစံများမှလွဲ၍ အခြားသူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ ဖွင့်ဟထုတ်ဖော်သွားမည် မဟုတ်ပါ။

 

မည်သို့သော အချက်အလက်များကို ဖွင့်ဟထုတ်ဖော်ရန် လိုအပ်မည်နည်း။ အချို့သော အခြေအနေများတွင် WPO အနေဖြင့် ကိုယ်ရေးကိုယ်တာ ဒေတာများကို ဖွင့်ဟထုတ်ဖော်ရတတ်ပါသည်။ ဤအခြေအနေမျိုးများတွင် အနည်းဆုံး အောက်ပါအခြေအနေများမှ တစ်ခုနှင့် သက်ဆိုင်မှသာလျှင်လည်းကောင်း၊ ယင်းအတိုင်းအတာထိဖြစ်မှသာလျှင်လည်းကောင်း လုပ်ငန်းစဉ်သည် ဥပဒေနှင့်ညီညွတ်သည်ဟု ဖော်ပြထားသည့် GDPR ၏ အပိုဒ် ၆.၁ တွင် ဖော်ပြထားသည့် အခြေအနေမျိုးများ ပါဝင်ပါသည်-

  • အချက်အလက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော သီးခြား အကြောင်းပြချက်များအတွက် သူ သို့မဟုတ် သူမ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီစဉ်အသုံးပြုရန် သဘောတူညီသည့်အခါ၊
  • အချက်အလက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ် ပါဝင်မည့် သို့မဟုတ် စာချုပ်တစ်ခု မချုပ်ဆိုမီ အချက်အလက်နှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်၏ တောင်းဆိုမှုဖြင့် အဆင့်ဆင့်ရှေ့ဆက်ပြုလုပ်မည့် စာချုပ်တစ်ခု၏ ဆောင်ရွက်ချက်အတွက် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊
  • ထိန်းချုပ်သူသည် အချက်အလက်နှင့် သက်ဆိုင်သူအပေါ် ဥပဒေရေးရာအရ တာဝန်တစ်ခုနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊
  • အချက်အလက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ် သို့မဟုတ် အခြား သွေးသားတော်စပ်သည့် ပုဂ္ဂိုလ်၏ အလွန်အရေးကြီးသော အကျိုးစီးပွားအား ကာကွယ်ရန်အတွက် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊
  • အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရမည့် သို့မဟုတ် ထိန်းချုပ်သူအား တရားဝင်အာဏာ အပ်နှင်းမည့် လုပ်ငန်းတစ်ခု၏ စွမ်းဆောင်ရည်အတွက် လိုအပ်သည့် လုပ်ငန်းစဉ် ဖြစ်သည့်အခါ၊
  • အကျိုးစီးပွားသည် အထူးသဖြင့် အချက်အလက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်သည် ကလေးငယ်တစ်ဦးဖြစ်ပြီး ကိုယ်ရေးအချက်အလက်များ ကာကွယ်ရန်လိုအပ်သည့် အချက်အလက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်၏ အကျိုးစီးပွား သို့မဟုတ် အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား ပယ်ဖျက်မိသည့် အခြေအနေမျိုးမှလွဲ၍ ထိန်းချုပ်သူ သို့မဟုတ် ကြားခံ အဖွဲ့အစည်းတစ်ခုခု၏ တရားဝင် အကျိုးစီးပွား ရည်ရွယ်ချက်များအတွက် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အခါ၊

ကွတ်ကီးဆိုသည်မှာ အဘယ်နည်း။

ဤဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသည့်အခါ WPO အနေဖြင့် သင့်ကွန်ပျူတာထဲသို့ “ကွတ်ကီး” ဟုခေါ်သည့် စာသားဖိုင်များကို နေရာချထားပါလိမ့်မည်။ ကွတ်ကီးများကို အသုံးပြုပြီး WPO မှ ကောက်ယူသော အချက်အလက်များမှာ ကိုယ်ရေးကိုယ်တာနှင့်မဆိုင်သည့် အချက်အလက်များဖြစ်သည်။ ဤဝက်ဘ်ဆိုက်တွင် အသုံးပြုသည့် ကွတ်ကီးများမှာ မှန်ကန်ကြောင်း အတည်ပြုရန်အတွက် အသုံးပြုသော တင်းကြပ်သည့် ကွတ်ကီးအပိုင်းများ ဖြစ်သည်။ ဤဝက်ဘ်ဆိုက်မှ သင်ထွက်သွားသည်နှင့် ထိုကွတ်ကီးများမှာ အချိန်ကုန်ဆုံးသွားမည် သို့မဟုတ် ဖျက်ဆီးပစ်ခြင်းခံရမည်ဖြစ်သည်။ ဝက်ဘ်ဆိုက် ဘာသာစကားပေါ် အခြေခံပြီး ကျွန်ုပ်တို့တွင် မတူညီသော ကွတ်ကီးအပိုင်း အမျိုးအစားများ ရှိပါသည်။ သင့်အနေဖြင့် သင့်ဘရောက်ဇာမှ ခွင့်ပြုသည့်အတိုင်း WPO ၏ ကွတ်ကီးများကို လက်ခံရန် လွတ်လပ်စွာ ငြင်းဆိုခွင့်ရှိပါသည်၊ သို့သော် သင် ထိုသို့ရွေးချယ်လိုက်ပါက ဤဝက်ဘ်ဆိုက်ရှိ အချို့လုပ်ဆောင်ချက်များမှ စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိသည်များလည်း ရှိနိုင်ပါသည်။ ကွတ်ကီးများ၊ ဖန်သားပြင်ပုံရိပ်အစက် တွဲခြင်းများ/ဝက်ဘ် အချက်ပြများနှင့် အလားတူ နည်းပညာများ အသုံးပြုခြင်းအားဖြင့် WPO သည် ဤဝက်ဘ်ဆိုက် အသုံးပြုခြင်းကို ခြေရာခံခြင်းနှင့် အကဲဖြတ် သုံးသပ်ဖို့ရာ WPO ကိုယ်စား ဆောင်ရွက်ပေးရန်အတွက် ကြားခံဖြစ်သော ခြေရာခံခြင်းနှင့် ကြော်ငြာ ပံ့ပိုးပေးသူများကို အသုံးပြုကောင်းပြုနိုင်ပါသည်၊ ကြားခံပံ့ပိုးသူအနေဖြင့် သင် ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်း၊ ဝက်ဘ်ဆိုက်လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် မှတ်တမ်းများအား စိစစ်ခြင်းနှင့် ဝက်ဘ်ဆိုက် လှုပ်ရှားမှု၊ အင်တာနက် အသုံးပြုခြင်းတို့နှင့် ဆက်စပ်လျက် WPO အတွက် အခြားသော ဝန်ဆောင်မှုများ ပေးခြင်း စသည့် ရည်ရွယ်ချက်များအတွက် ဤအချက်အလက်များကို အသုံးပြုနိုင်ပါသည်။ အကဲဖြတ်ရန်ရည်ရွယ်ချက်များအတွက် ပေးပို့သည့် သင့် ဘရောက်ဇာ၏ အင်တာနက် လိပ်စာကို ကြားခံဆန်းစစ်အကဲဖြတ်မှု ဝန်ဆောင်မှု ပံ့ပိုးပေးသူမှ ကိုင်ဆောင်ထားသော အခြားအချက်အလက် ဒေတာများနှင့် ဆက်စပ်မှုရှိမည် မဟုတ်ပါ။ ကွတ်ကီးတစ်ခုကို လက်ခံရန် သင်ရွေးချယ်ပြီးပါက သင့် ဝက်ဘ်ဘရောက်ဇာမှတစ်ဆင့် အချိန်မရွေး ယင်းကို ဖျက်ပစ်နိုင်ပါသည်။ ယေဘုယျအားဖြင့် သင်သည် ကွတ်ကီးများကို လက်မခံလိုပါက သို့မဟုတ် ကွတ်ကီးလက်ခံမှုများကို စီမံခန့်ခွဲလိုပါက ကွတ်ကီးများကို ငြင်းဆန်ရန် သို့မဟုတ် သင့် ကွန်ပျူတာတွင် ကွတ်ကီးတစ်ခုကို နေရာချသည့်အခါ သင့်အား အကြောင်းကြားရန်အတွက် သင့် ဘရောက်ဇာအား သတ်မှတ်ထားနိုင်ပါသည်။ သက်ဆိုင်ရာကွတ်ကီးများကို ငြင်းဆန်ဖို့ရာ ရွေးချယ်ရန်အတွက် အောက်ပါလင့်ခ်အား ကျေးဇူးပြု၍ ကြည့်ပေးပါ –www.networkadvertising.org/choices/#completed

 

ကလေးများအတွက် WPO ဝက်ဘ်ဆိုက်မူဝါဒမှာ အဘယ်နည်း။

ဤဝက်ဘ်ဆိုက်မှာ အရွယ်မရောက်သေးသော ကလေးငယ်များအတွက် ရည်ရွယ်ထားခြင်း သို့မဟုတ် ဖန်တီးထားခြင်း မဟုတ်ပါ။ သင်သည် အသက်မပြည့်သေးသူဖြစ်ပါက လူကြီးတစ်ဦး၏ ကြီးကြပ်မှုမပါဘဲ ဤဝက်ဘ်ဆိုက်ကို အသုံးပြုနိုင်မည် မဟုတ်ပါ။ WPO ၏ ရည်ရွယ်ချက်မှာ ကလေးများနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်း၊ အသုံးပြုခြင်းများအတွက် သက်ဆိုင်ရာ ဥပဒေများ၊ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။ WPO သည် ထိုကဲ့သို့သော ဥပဒေဖြင့် ကာကွယ်ထားသည့် ကလေးတစ်ဦး သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးထံမှ အချက်အလက်များ လက်ခံရရှိထားသည်ဟု သင် ယုံကြည်ပါက ကျေးဇူးပြု၍ ဖော်ပြပါ အီးမေးလ်သို့ ချက်ချင်း အသိပေးအကြောင်းကြားပေးပါ –  security@workplaceoptions.com

 

WPO သည် သင့်အား ကြားခံ ဝက်ဘ်ဆိုက်များသို့ ညွှန်းဆိုပေးပါမည်လား။ ဤဝက်ဘ်ဆိုက်တွင် ကြားခံအဖွဲ့အစည်းများမှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော ဝက်ဘ်ဆိုက်များသို့ ညွှန်းသော လင့်ခ်များအပြင် ကြားခံအဖွဲ့အစည်းများမှ ပေးသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများထံသို့ ညွှန်းသော လင့်ခ်များလည်း ပါဝင်နိုင်ပါသည်၊ ထိုကဲ့သို့သော လင့်ခ်များသည် သင် အဆင်ပြေစေရန်အတွက် ပံ့ပိုးပေးထားခြင်းဖြစ်သည်။ WPO အနေဖြင့် အဆိုပါ ကြားခံအဖွဲ့များ၊ ၎င်းတို့၏ ဝက်ဘ်ဆိုက်များ သို့မဟုတ် ၎င်းတို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအပေါ် ထိန်းချုပ်မှုမရှိပါ။ အဆိုပါ လင့်ခ်ဖြင့်ညွှန်းထားသည့် ဝက်ဘ်ဆိုက်များအတွက် ကိုယ်ရေးလုံခြုံမှု မူဝါဒများမှာ WPO ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒများနှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်ပါသည်၊ သံသယဖြစ်ဖွယ်များကို ရှောင်ကြဉ်ရန်အတွက် ဤ ကိုယ်ရေးလုံခြုံမှု သတိပေးချက်သည် ဤဝက်ဘ်ဆိုက်နှင့်သာ သက်ဆိုင်ပါသည်။ ယင်းကဲ့သို့သော လင့်ခ်ဖြင့် ညွှန်းထားသည့် ဝက်ဘ်ဆိုက်များ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအား ကြည့်ရှု အသုံးပြုခြင်းသည် သင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်ပါသည်။

 

သင့်ဒေတာများ၏ လုံခြုံမှု

ကျွန်ုပ်တို့ထံ ပေးထားသော သင့်ကိုယ်ရေးအချက်အလက်များအား အခွင့်မရှိသော ကြားခံအဖွဲ့များမှ အသုံးပြုနိုင်ခြင်းမရှိစေသည့် နည်းလမ်းအဖြစ် နည်းပညာအရသာမက အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေး ဆောင်ရွက်ချက်များအားလုံးဖြင့် လုံခြုံအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အီးမေးလ်ဖြင့် ပေးပို့ခြင်းသည် ဒေတာလုံခြုံမှုကို အပြည့်အဝ အာမမခံနိုင်သည့်အတွက် အလွန် ထိရှလွယ်သော ဒေတာ သို့မဟုတ် အချက်အလက်များ ပေးပို့သည့်အခါ စာပို့ဝန်ဆောင်မှုကို အသုံးပြုရန် အကြံပြုလိုပါသည်။

 

သိမ်းဆည်းထားမည့် ကာလ

သင်ပေးသော ကိုယ်ရေးအချက်အလက်များကို GDPR နှင့် BDSG တို့၏ အခြေခံမူဝါဒများ၏ ခွင့်ပြုနိုင်သည့် အတိုင်းအတာအထိ ထည့်သွင်းစဉ်းစားလျက် ပြဌာန်းသိမ်းဆည်းကာလ သက်တမ်းကုန်ဆုံးသည့်အချိန်အထိ ဝက်ဘ်ဆိုက် အသုံးပြုနေသည့် ကာလအတွက် သို့မဟုတ် အချက်အလက်၊ ဝန်ဆောင်မှုများ သို့မဟုတ် ပံ့ပိုးမှုများအပေါ် ကြိုတင်သတ်မှတ်ထားသည့် ဖြစ်ရပ်တစ်ခုအတွင်း ကျွန်ုပ်တို့မှ သိမ်းဆည်းထားမည် ဖြစ်သည်။

 

သင်၏ ဒေတာအသုံးပြုခြင်းနှင့်ပတ်သက်သည့် စိုးရိမ်ပူပင်မှုများ

သင့်ကိုယ်ရေး အချက်အလက်များ စီစဉ်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ဝေဖန်တိုင်ကြားလိုသည်များရှိပါက သင့်ဒေသရှိ ကြီးကြပ်ရေး တာဝန်ရှိသူအား ဆက်သွယ်နိုင်ပါသည်။

 

သင် ကျွန်ုပ်တို့အား မည်သို့ ဆက်သွယ်၍ စာရင်းပေးသွင်းမှုကို ရပ်နားနိုင်မည်နည်း။ သင့်အနေဖြင့် ကျွန်ုပ်တို့၏ အထွေထွေ သုံးစွဲပုံ စည်းကမ်းချက်များ သို့မဟုတ် ကိုယ်ရေးလုံခြုံမှု ကျင့်ထုံးများနှင့် ပတ်သက်သည့် မေးခွန်းများ၊ ထင်မြင်ချက်များ သို့မဟုတ် တောင်းဆိုလိုသည်များ (ဥပမာ – ဤ မူဝါဒကို အခြားဘာသာစကား တစ်ခုခုဖြင့် ရယူလိုခြင်း) ရှိလျှင်ဖြစ်စေ၊ သင့်အကောင့်အား ပယ်ဖျက်လိုလျှင်ဖြစ်စေ သို့မဟုတ် ဤဝန်ဆောင်မှုမှ စာရင်းပေးသွင်းမှုကို ရပ်နားလိုလျှင်ဖြစ်စေ အစီအစဉ် ကြီးကြပ်ရေးမှူး သို့မဟုတ် webmaster@workplaceoptions.com သို့ ဆက်သွယ်နိုင်ပါသည်။

 

စီရင်ပိုင်ခွင့်အာဏာနှင့် သက်ဆိုင်ရာ ဥပဒေ  မြောက်ကာရိုလိုင်းနား ပြည်နယ်ဥပဒေများသည် ဤကိုယ်ရေးလုံခြုံမှု ဖော်ပြချက် (“ဖော်ပြချက်”) အား ဥရောပ စီးပွားရေး နယ်မြေအတွင်းရှိ အချက်အလက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များအတွက် ဒေတာကာကွယ်ရေးဆိုင်ရာ အထွေထွေစည်းမျဉ်းကဲ့သို့ ဆိုင်ရာ ဒေသတွင်း ဥပဒေကို ကျော်လွန်ပယ်ချခြင်း မရှိသည့်အတိုင်းအတာအထိ လွှမ်းမိုးမှုရှိမည်ဖြစ်သည်။ ဤဖော်ပြချက်မှ သို့မဟုတ် ဤဖော်ပြချက်နှင့် စပ်လျဉ်းပြီး အရေးယူဆောင်ရွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပြီး ဒေသတွင်း ဥပဒေသည် သင့်အား ဒေသတွင်းတရားရုံးတစ်ခုတွင် လျှောက်ထားနိုင်သည့် အခွင့်အရေးတစ်ခုကို ပေးခြင်းမရှိခဲ့လျှင် သင့်အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝိတ်ခ် စီရင်စုရှိ တရားရုံးများ၏ စီရင်ပိုင်ခွင့်အား နောက်ဆုံးအဖြစ် သဘောတူညီမည်ဖြစ်သည်။ ဤဝက်ဘ်ဆိုက်တွင် တင်ပြထားသော အချက်အလက်များနှင့် ကုန်ကြမ်းအချက်အလက်များတွင် ကုန်ပစ္စည်းရောင်းချမှုများ( ဥပမာ- ထုတ်ဝေခြင်းများ၊ စာအုပ်များ) ပါဝင်ပါက သင် သို့မဟုတ် WPO တွင်ရှိသည့် နောက်ဆက်တွဲ ရပိုင်ခွင့်များနှင့် ဝတ္တရားများသည် နိုင်ငံတကာ ကုန်ပစ္စည်းရောင်းချမှုဆိုင်ရာ စာချုပ်များ(“CISG”) အတွက် ကုလသမဂ္ဂ ညီလာခံမှ လွှမ်းမိုးနိုင်မည် မဟုတ်ဘဲ ၎င်း၏ လျှောက်ထားမှုကိုလည်း ဖယ်ထုတ်ထားမည်ဖြစ်သည်။ သင်သည် ဤဝက်ဘ်ဆိုက်အား ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှမဆို အသုံးပြုနိုင်ပါမည်။ အကယ်၍ သင်၏ ဤဝက်ဘ်ဆိုက်မှပေးသော အကျိုးကျေးဇူးများ အသုံးပြုခွင့်သည် သင့် နယ်မြေဥပဒေများနှင့် ကွဲလွဲနေပါက WPO အနေဖြင့် ဤဝက်ဘ်ဆိုက်ကို အသုံးမပြုရန် သင့်အား လေးလေးနက်နက်တောင်းဆိုလိုပါသည်၊ သင့်နယ်မြေ၏ ဥပဒေများကို သိရှိနားလည်ထားရန်နှင့် ၎င်းတို့နှင့်အညီ လိုက်နာရန် သင့်တွင်တာဝန်ရှိပါသည်။

 

သဘောတူညီချက်

 

ဤဝက်ဘ်ဆိုက်ကို ဆက်လက်အသုံးပြုခြင်းဖြင့်လည်းကောင်း၊ (ဤသို့သော ပုံစံမျိုး ရှိပါက) “ကျွန်ုပ်လက်ခံပါသည်” ဟူသော ခလုတ်ကို ကလစ်နှိပ်ခြင်းဖြင့် ဤဝက်ဘ်ဆိုက်နှင့် ဤဝက်ဘ်ဆိုက်မှပေးသော ဝန်ဆောင်မှုများ အသုံးပြုခြင်းအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့် မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များအားလုံးကို ဖတ်ရှုနားလည်ပြီး လိုက်နာရန် သဘောတူညီကြောင်း အသိပေးဝန်ခံရာရောက်ပါသည်။ ကျွန်ုပ်တို့၏ အထွေထွေ သုံးစွဲပုံ သတ်မှတ်ချက်များနှင့် ကိုယ်ရေးလုံခြုံမှု ကျင့်ထုံးများကို အခါအားလျော်စွာ မွမ်းမံပြင်ဆင်လျက်ရှိပါသည်။ WPO အနေဖြင့် သင် ဤဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသည့်အခါတိုင်း ကျွန်ုပ်တို့၏ မူဝါဒများကို သုံးသပ်ကြည့်ရှုရန် တိုက်တွန်းလိုပါသည်။

 

ကိုယ်ရေးအချက်အလက်ထိန်းသိမ်းခြင်းမူဝါဒ

A.I.R. Training for Managers – World Mental Health Day 2025

00DAYS: 00HOURS: 00: 00 Expired

Dr. Kennette Thigpen joins #BHT2025 to discuss evolving beyond traditional EAPs and redefining mental health support in today’s workplace.